Isaiah 24:6
ထိုကြောင့် ၊ ကျိန်တော်မူသောအကျိန် သည် ပြည် တော်ကို လွှမ်းမိုး ပြီ။ ပြည်သား တို့အပေါ်မှာ အပြစ် ရောက်လေပြီ။ ထိုကြောင့် ၊ ပြည်သား တို့သည် ပူလောင် ကြ သဖြင့်၊ ကျန်ကြွင်း သောသူ တို့သည် နည်း ကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Leviticus 26:22သင် တို့၏ သား သမီးများကို ချီသွား၍ ၊ သင် တို့၏ တိရစ္ဆာန် များကို ဖျက်ဆီး လျက် ၊ သင် တို့ကို နည်း စေ ခြင်းငှါ ၊ သားရဲ များကို ငါစေလွှတ် သဖြင့် ၊ သင် တို့သွားရာ လမ်းမ တို့သည် လူဆိတ်ညံ ရာ ဖြစ်ကြလိမ့်မည်။
Deuteronomy 28:15ယနေ့ ငါ ဆင့်ဆို သော သင် ၏ဘုရားသခင် ထာဝရဘုရား စီရင် ထုံးဖွဲ့တော်မူချက် အလုံးစုံ တို့ ကို ကျင့် စောင့် ခြင်းငှာ စကား တော်ကို နား မ ထောင်လျှင် ၊ သင့် အပေါ် မှာ သက်ရောက် လတံ့သော ကျိန်ခြင်းအမင်္ဂလာ များ ဟူမူကား၊
Deuteronomy 29:22သူ့ နေရာအရပ်၌ ထာဝရဘုရား ဒဏ်ခတ် တော်မူသော၊
Joshua 23:15သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဂတိ တော် ရှိသည်အတိုင်း ၊ ကောင်းကျိုး အပေါင်း တို့သည် သင် တို့အပေါ် ၌ ရောက် သကဲ့သို့ ၊ ထိုအတူ သင် တို့၏ ဘုရား သခင်ထာဝရဘုရား ပေး တော်မူသော ဤ ကောင်းမွန် သောပြည် မှ သင် တို့ကို သုတ်သင် ပယ်ရှင်းတော်မမူမှီ တိုင်အောင် ၊ ထာဝရဘုရား သည် သင် တို့အပေါ် ၌ ဘေး ဥပဒ် အပေါင်း တို့ကို ရောက် စေတော်မူမည်။
2 Kings 25:12သို့ရာတွင် စပျစ် ဥယျာဉ်ကိုပြုစု၍ လယ် လုပ်စေခြင်းငှါ ၊ ဆင်းရဲသား အချို့တို့ကိုထား ခဲ့လေ၏
Isaiah 1:31ခွန်အားကြီး သောသူသည် ပိုက်ဆန်လျှော်ဖြစ် လျက်၊ သူ ၏အမှု သည် မီးပွား ဖြစ်လျက်၊ ထို နှစ် ပါးသည် အတူ လောင် ကြလိမ့်မည်။ ထိုမီးကိုအဘယ်သူမျှ မ သတ် ရ။