The Bible Software
ဟဂ္ဂဲအနာဂတ္တိကျမ်း · မြန်မာကျမ်းစာ

ဟဂ္ဂဲအနာဂတ္တိကျမ်း 1

1ဒါရိ မင်းကြီး နန်းစံနှစ် နှစ် ၊ ဆဌမ လ တ ရက် နေ့ တွင် ၊ ပရောဖက် ဟဂ္ဂဲ အားဖြင့် ယုဒ မြို့ဝန် ၊ ရှာလသေလ သား ဇေရုဗဗေလ နှင့် ယဇ်ပုရောဟိတ် မင်း ယောဇဒက် သား ယောရှု ဆီသို့ ထာဝရဘုရား ၏နှုတ်ကပတ် တော် ရောက် လာ၍၊

2ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ အချိန် မ ရောက် သေး၊ ထာဝရဘုရား ၏ အိမ် တော်ကို တည်ဆောက် ရသောအချိန် မရောက်သေး ဟု၊ ဤ လူ များ ပြောဆို ကြသည်မှာ၊

3ပရောဖက် ဟဂ္ဂဲ အားဖြင့် ထာဝရဘုရား ၏ နှုတ်ကပတ် တော်ရောက် လာသည်ကား၊

4အချင်းလူတို့၊ သင် တို့သည် အမိုးနှစ်ထပ်နှင့် ပြည့်စုံ သော အိမ် ၌ နေ ချိန် ရှိလျက်ပင်၊ အိမ် တော်ပျက် လျက် နေရမည်လော။

5ယခု မှာ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ကိုယ်ကျင့်သောအကျင့် တို့ ကို ဆင်ခြင် ကြလော့။

6သင်တို့သည် များစွာ သော မျိုးစေ့ ကို ကြဲသော်လည်း အသီးအနှံနည်းပါး ရ ၏။ စား ရသော်လည်း ဝ စွာ မ စားရကြ။ သောက် ရသော်လည်း ဝစွာ မ သောက် ရကြ။ အဝတ်ကို ဝတ် ရသော်လည်း နွေး စွာ မ ဝတ်ရကြ။ အလုပ် လုပ်၍ အခ ကို ခံရသော်လည်းမ လုံသော အိတ် ထဲမှာ သိုထားရကြ၏။

7ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ကိုယ် အကျင့် တို့ကို ဆင်ခြင် ကြလော့။

8တောင် ပေါ်သို့ တက် သွား၍ သစ်သား ကို ဆောင် ခဲ့ပြီးလျှင် အိမ် တော်ကို ဆောက် ကြလော့။ ငါသည် လည်း အားရ ၍ ငါ၏ဘုန်း သည် ထင်ရှားလိမ့်မည်ဟု၊ ထာဝရဘုရား မိန့် တော်မူ၏။

9သင်တို့သည် များစွာ ရမည်ဟု မြော်လင့် သော်လည်း ရသောဥစ္စာခေါင်းပါး ရ၏။ အိမ် သို့ ရောက် သောအခါ ငါမှုတ် လိုက်၏။ အဘယ်ကြောင့် နည်းဟု၊ ကောင်းကင် ဗိုလ်ခြေ အရှင် ထာဝရဘုရား မေး တော်မူ၏။ ငါ့ အိမ် သည် ပျက် လျက်ရှိသောကြောင့် ၎င်း ၊ သင် တို့သည် အသီးအသီး မိမိ တို့အိမ် သို့ ပြေး သောကြောင့်၎င်း ဖြစ်သတည်း။

10ထိုကြောင့် သင် တို့အပေါ် မှာ မိုဃ်း ခေါင် သဖြင့် နှင်း မကျရ။ မြေ သည်လည်း အသီးအနှံ ကို မ ပေးရ။

11မြေ ပေါ် ၌၎င်း ၊ တောင် ပေါ် ၌၎င်း ၊ ဆန် စပါး၊ ချိုသောစပျစ်ရည် ၊ ဆီ အပေါ် ၌၎င်း ၊ မြေ ထဲကထွက် သမျှ အပေါ် ၌၎င်း ၊ လူ သတ္တဝါတိရစ္ဆာန် အပေါ် ၌၎င်း ၊ လုပ်ဆောင် သမျှ အပေါ် ၌၎င်း ၊ သွေ့ခြောက် ခြင်းဘေးကို ငါမှာ လိုက်လေပြီဟု မိန့်တော်မူ၏။

12ထိုအခါ ရှာလသေလ သား ဇေရုဗဗေလ နှင့် ယဇ်ပုရောဟိတ် မင်း ယောဇဒက် သား ယောရှု မှစ၍ ကျန် ကြွင်းသော သူ အပေါင်း တို့သည် မိမိ တို့ဘုရား သခင်ထာဝရဘုရား ၏အမိန့် တော်ကို၎င်း ၊ မိမိ တို့ ဘုရား သခင်ထာဝရဘုရား စေခိုင်း တော်မူသောပရောဖက် ဟဂ္ဂဲ စကား ကို၎င်း နားထောင် သဖြင့် ၊ ထာဝရဘုရား ရှေ့ တော်၌ ကြောက်ရွံ့ ကြ၏။

13ထိုအခါ ထာဝရဘုရား မှာ ထားတော်မူသည် အတိုင်း ထာဝရဘုရား ၏ တမန် ဟဂ္ဂဲ က၊ ငါ သည် သင် တို့နှင့်အတူ ရှိ၏ဟု၊ ထာဝရဘုရား မိန့် တော်မူကြောင်းကို လူ များတို့အား ဆင့်ဆို လေ၏။

14ထာဝရဘုရား သည်လည်း၊ ယုဒ မြို့ဝန် ၊ ရှာလသေလ သား ဇေရုဗဗေလ နှင့် ယဇ်ပုရောဟိတ် မင်း ယောဇဒက် သား ယောရှု မှစ၍ကျန် ကြွင်းသော သူ အပေါင်း တို့ ကို နှိုးဆော် တော်မူသောအားဖြင့် ၊

15ဒါရိ မင်းကြီး နန်းစံနှစ် နှစ် ၊ ဆဌမ လ နှစ်ဆယ် လေး ရက်နေ့ တွင် ၊ သူတို့သည် လာ ၍ မိမိ တို့ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၏အိမ် တော်၌ အလုပ် လုပ် ကြ၏။

← ဇေဖနိအနာဂတ္တိကျမ်း 3Read In The App, Free →ဟဂ္ဂဲအနာဂတ္တိကျမ်း 2 →

Study ဟဂ္ဂဲအနာဂတ္တိကျမ်း 1

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12