ဟဂ္ဂဲအနာဂတ္တိကျမ်း 2:23
ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ အို ရှာလသေလ သား ၊ ငါ့ ကျွန် ဇေရုဗဗေလ ၊ ထိုအခါ သင့် ကိုငါယူ ၍ တံဆိပ် လက်စွပ်ကဲ့သို့ ခန့် ထားမည်ဟု၊ ထာဝရဘုရား မိန့် တော်မူ၏။ သင့် ကို ငါရွေးချယ် ပြီဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ဟဂ္ဂဲအနာဂတ္တိကျမ်း 2
Cross References
Psalms 65:5အကျွန်ုပ် တို့ကို ကယ်တင် တော်မူသောဘုရား ၊ အကျွန်ုပ် တို့၏ ပဌနာကို နားထောင်၍ အံ့ဘွယ် သော အမှုတို့ကို တရား တော်နှင့်အညီပြ တော်မူ၏။ ကိုယ်တော်သည် ဝေး စွာသော မြေကြီး စွန်း နှင့် ၊ ပင်လယ် စွန်းတို့၌ နေသောသူတို့၏ ကိုးစား ရာ ဖြစ်တော်မူ၏။
Isaiah 42:1ငါထောက်မ သော ငါ့ ကျွန် ရင်း၊ ငါ နှစ်သက် မြတ်နိုးရာ ငါ ရွေးချယ် သောသူ ကို ကြည့်ရှု လော့။ ထိုသူ ၏အပေါ် ၌ ငါ့ ဝိညာဉ် ကို ငါတည် စေမည်။ သူသည် လူ အမျိုးမျိုးတို့ကို တရား ပေး လိမ့်မည်။
Isaiah 49:1တကျွန်း တနိုင်ငံအရပ်တို့၊ ငါ့ စကားကို ကြားကြလော့။ ဝေးစွာသော လူမျိုးတို့၊ စေ့စေ့နားထောင်ကြလော့။ ငါဘွားစကပင် ထာဝရဘုရားသည် ငါ့ကို ခေါ်တော်မူ၏။ အမိဝမ်းထဲမှစ၍ ငါ၏နာမကို မှတ်တော်မူ၏။
Zechariah 4:6ကောင်းကင်တမန်ကလည်း၊ ဇေရုဗဗေလ သို့ ရောက်လာသောထာဝရဘုရား ၏ နှုတ်ကပတ် တော်ဟူမူကား ၊ ဤအမှုသည် ဗိုလ်ခြေ အားဖြင့် မ ဟုတ်၊ အာဏာ တန်ခိုး အားဖြင့် မ ဟုတ်၊ ငါ့ ဝိညာဉ် အားဖြင့် ဖြစ်လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူ ၏။
John 6:27မုန့် ကို စား ၍ ဝ သောကြောင့် သာ ရှာကြ၏။ ပျက်စီး တတ်သောအစာ ကိုရခြင်းငှာမ ကြိုးစား ကြနှင့်။ လူသားသည် သင်တို့အား ပေး၍ ထာဝရ အသက် နှင့်အမျှတည် တတ်သောအစာ ကိုရခြင်းငှာကြိုးစားကြလော့။ ထိုသား သည် ခမည်းတော် ဘုရား ၏တံဆိပ် ခတ်ခြင်းကို ခံ သောသူ ဖြစ်သည် ဟု မိန့် တော်မူ၏။
1 Peter 2:4လူတို့ ပယ် ထား၍ ဘုရားသခင် ရွေးချယ် တော်မူသော အသက် ကျောက် မြတ် တည်းဟူသောထိုသခင် ထံသို့ သင်တို့သည်ရောက် ၍၊