ဟဂ္ဂဲအနာဂတ္တိကျမ်း 2:6
ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ကာလမကြာမမြင့် မှီကောင်းကင် ၊ မြေကြီး ၊ ပင်လယ် ၊ ကုန်း တို့ကို တဖန် ငါ လှုပ် ဦးမည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ဟဂ္ဂဲအနာဂတ္တိကျမ်း 2
Cross References
Job 9:6မြေကြီး ကိုရွေ့ စေခြင်းငှါ တွန်းတော်မူ၍၊ မြေ တိုင် တို့သည် တုန်လှုပ် ကြ၏။
Isaiah 10:25သို့သော်လည်း၊ ခဏ ကြာပြီးမှ သူ တို့သည်ပျက်စီး ခြင်းသို့ရောက်သောအားဖြင့် ၊ ငါ့အမျက် သည်ငြိမ်း ၍၊ ငါ့ စိတ်လည်းပြေလိမ့်မည်။
Isaiah 29:17လေဗနုန် တောင်သည် ဝပြော သောလယ်ပြင်ကဲ့သို့ ၎င်း၊ ဝပြော သောလယ်ပြင်သည် တော ကဲ့သို့ ၎င်း ဖြစ် ရ သောအချိန်နီး ပြီ မ ဟုတ်လော။
Jeremiah 4:23ငါသည်မြေကြီး ကိုကြည့် ရှု၍ လွတ်လပ် လဟာ ဖြစ်၏။ မိုဃ်း ကောင်းကင်ကို လည်း ငါကြည့်ရှု၍ အလင်း မ ရှိ။
Ezekiel 38:20ပင်လယ် ငါး ၊ မိုဃ်း ကောင်းကင်ငှက် ၊ တော တိရစ္ဆာန် နှင့် မြေ ၌ တွား တတ်သောတိရစ္ဆာန် ၊ မြေ ပေါ်မှာ ရှိသော လူ အပေါင်း တို့သည် ငါ့ ရှေ့မှာ တုန်လှုပ် ကြ လိမ့်မည်။ တောင် တို့သည်ပြို လျက် ၊ အစောက် မြင့်သော အရပ်တို့သည် လဲ လျက် ၊ အလုံးစုံ သောအုတ်ရိုး ပြုတ် လျက် ရှိကြလိမ့်မည်။
Joel 3:16ထာဝရဘုရား သည်လည်း ဇိအုန် တောင်ပေါ်က ကြွေးကြော် ၍ ၊ ယေရှုရှလင် မြို့ထဲက အသံ ကိုလွှင့် တော်မူသဖြင့် ၊ မိုဃ်းကောင်းကင် နှင့် မြေကြီး သည် တုန်လှုပ် လိမ့်မည် ။ သို့ရာတွင် ၊ ထာဝရဘုရား သည် မိမိ လူ တို့၏ ခိုလှုံ ရာ ၊ ဣသရေလ အမျိုးသား တို့၏ အစွမ်း သတ္တိဖြစ်တော်မူလိမ့် မည်။