Joel 3:16
ထာဝရဘုရား သည်လည်း ဇိအုန် တောင်ပေါ်က ကြွေးကြော် ၍ ၊ ယေရှုရှလင် မြို့ထဲက အသံ ကိုလွှင့် တော်မူသဖြင့် ၊ မိုဃ်းကောင်းကင် နှင့် မြေကြီး သည် တုန်လှုပ် လိမ့်မည် ။ သို့ရာတွင် ၊ ထာဝရဘုရား သည် မိမိ လူ တို့၏ ခိုလှုံ ရာ ၊ ဣသရေလ အမျိုးသား တို့၏ အစွမ်း သတ္တိဖြစ်တော်မူလိမ့် မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
15နေ နှင့် လ သည် မိုက် လိမ့်မည်။ ကြယ် တို့သည် လည်း မ ထွန်းလင်း ဘဲနေကြလိမ့် မည်။
Cross References
Psalms 18:2ထာဝရဘုရား သည် ငါ ၏ကျောက် ၊ ငါ ၏မြို့ရိုး ၊ ငါ့ ကိုကယ် လွှတ်သောသခင်၊ ငါ ၏ဘုရား ၊ ငါကိုးစား သော အစွမ်း သတ္တိ၊ ငါ ၏ အကွယ် အကာ၊ ငါ့ ကိုကယ်တင် သော ဦးချို ၊ ငါ ၏ရဲတိုက် ဖြစ်တော်မူ၏။
Psalms 46:1ဘုရား သခင်သည် ငါ တို့ခိုလှုံ ရာ ဖြစ်၍ ၊ ခွန်အား ကိုပေး တော်မူ၏။ ဘေး ရောက် သည်ကာလ အထူး သဖြင့်ကူမ တော်မူကြောင်း ထင်ရှားလျက်ရှိ၏။
Psalms 91:1အမြင့်ဆုံး သော ဘုရား၏ကွယ်ကာ ရာဌာန တော်၌ နေ သောသူသည် အနန္တ တန်ခိုးရှင်၏ အရိပ် ကို ခို ရလိမ့်မည်။
Isaiah 33:16ခိုင်ခံ့ သော ကျောက် မြို့၌ ခိုလှုံ လိမ့်မည်။ ထိုသူ အား အစာ ကို အစဉ်ပေး ရလိမ့်မည်။ သောက်ရေ လည်း မပြတ် ရ။
Isaiah 42:13ထာဝရဘုရား သည် သူရဲ ကဲ့သို့ ထွက်ကြွ၍၊ စစ် သူရဲ ကဲ့သို့ ကိုယ်စိတ် ကို ကိုယ်နှိုးဆော် တော်မူလိမ့်မည်။ အော်ဟစ် ကြွေးကြော် ၍ ရန်သူ တို့တစ်ဘက် ၌ အားထုတ် တော်မူလိမ့်မည်။
Isaiah 51:16မိုဃ်းကောင်းကင် ကို ဆောက် ၍ ၊ မြေကြီး ကို တည် စေခြင်းငှါ ၎င်း၊ သင် သည် ငါ ၏လူမျိုး ဖြစ်၏ဟု ဇိအုန် မြို့ကို ပြော စေခြင်းငှါ ၎င်း၊ ငါ့ စကား ကို သင် ၏နှုတ် ထဲမှာ ငါထား ပြီ။ ငါ့ လက် ၏အရိပ် နှင့် သင့် ကို ငါမိုး ပြီ။