ဟေဗြဲဩဝါဒစာ 1:8
သား တော်ကိုကား၊ အိုဘုရားသခင် ၊ ကိုယ်တော် ၏ ပလ္လင် သည် နိစ္စ ထာဝရပလ္လင် ဖြစ်ပါ၏။ ကိုယ်တော် နိုင်ငံ သည် တရား သဖြင့် စီရင်သော နိုင်ငံဖြစ်ပါ၏
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Deuteronomy 7:14သင်သည် လူမျိုး တကာ တို့ထက် သာ၍ကောင်းကြီး ခံရသောသူဖြစ် ၍၊ သင် ၌ မြုံ သော ယောက်ျားမိန်းမတယောက်မျှ၊ တိရစ္ဆာန် တွင် မြုံသော အထီးအမ တကောင်မျှမ ရှိ ရ။
Psalms 45:6အိုဘုရား သခင်၊ ကိုယ်တော် ၏ပလ္လင် သည် နိစ္စ ထာဝရပလ္လင် ဖြစ်ပါ၏။ ကိုယ်တော် ၏နိုင်ငံ သည် တရား သဖြင့်စီရင်သော နိုင်ငံဖြစ်ပါ၏။
Psalms 72:7လက်ထက် တော်၌ လ သည်ပပျောက်ခြင်းသို့ မ ရောက်မှီတိုင်အောင် ၊ တရား သောသူသည် ပွင့်လန်း ၍ ချမ်းသာ များ ပြား လိမ့်မည်။
Psalms 99:4တရား ကို နှစ်သက် သော ရှင်ဘုရင် ၏ တန်ခိုး တော်ကို ချီးမွမ်းကြစေ။ ကိုယ်တော်သည် မှန် သော စီရင်ခြင်း ကို တည် စေတော်မူ၏။ ယာကုပ် အမျိုး၌ တရား သဖြင့်ပြု ၍ ၊ ဖြောင့်မတ်စွာဆုံးဖြတ်တော်မူ၏။
Isaiah 7:14ထိုကြောင့်၊ ထာဝရ ဘုရားသည် ကိုယ်တော် တိုင် နိမိတ် လက္ခဏာကို သင် တို့အား ပေး တော်မူမည်။ ကြည့်ရှု လော့။ သတို့သမီးကညာ သည် ပဋိသန္ဓေ စွဲယူ၍ ၊ သား ယောက်ျားကို ဘွားမြင် လတံ့။ ထိုသား ကို ဧမာနွေလ အမည် ဖြင့် မှည့် ရလတံ့။
Isaiah 32:1ကြည့်ရှု လော့။ တရား သဖြင့် အုပ်စိုး သော ရှင်ဘုရင် တပါး ပေါ်ထွန်းတော်မူလိမ့်မည်။ မင်းသားမှူးမတ် တို့ သည် တရား သဖြင့် စီရင် ကြလိမ့်မည်။