The Bible Software
ဟေဗြဲဩဝါဒစာ · မြန်မာကျမ်းစာ

ဟေဗြဲဩဝါဒစာ 1

1ရှေး လွန်လေပြီး သောအခါ ပရောဖက် များအားဖြင့် ဘိုးဘေး တို့အား အထပ်ထပ် အနည်းနည်းဗျာဒိတ် ပေးတော်မူသော ဘုရားသခင် သည်၊ ဤ နောက်ဆုံး ကာလ အခါ မိမိသား တော်အားဖြင့် ငါ တို့အား ဗျာဒိတ် ပေးတော်မူပြီ

2ထိုသား တော်ကို အလုံးစုံ တို့၏ အမွေခံ သခင် အရာ၌ ခန့်ထား တော်မူ၏။ သား တော်အားဖြင့် လည်း လောက ဓါတ်တို့ကို တည် တော်မူ၏

3ထိုသား တော်သည် ဘုရားသခင်၏ ဘုန်း တော် ရောင်ခြည် နှင့် ဇာတိ အဖြစ်တော်၏ ပုံ သဏ္ဌာန်ဖြစ် ၍၊ တန်ခိုး နှင့်ပြည့်စုံသော မိမိ အမိန့် တော်အားဖြင့်ခပ်သိမ်း သော အရာတို့ကို မစ တော်မူသောသူဖြစ် လျက်၊ ၊ ငါတို့ အပြစ် များကို ကိုယ်တော်တိုင်အားဖြင့်သုတ်သင် ပယ်ရှင်းပြီးလျှင်၊ မြင့် သောအရပ်မှာ တန်ခိုး အာနုဘော်တော်၏ လက်ျာဘက် ၌ ထိုင် တော်မူ၏

4ကောင်းကင်တမန်တို့ရသော ဘွဲ့နာမထက် ထူးမြတ် သော ဘွဲ့နာမ တော်ကို ခံရ သည်နှင့်အညီ၊ ကောင်းကင်တမန် တို့ထက် ကြီးမြတ် သော သူဖြစ် တော်မူ၏

5အကြောင်းမူကား ၊ သင် သည်ငါ့ သား ဖြစ် ၏။ ယနေ့ ပင်သင့် ကို ငါ ဖြစ်ဘွား စေပြီဟူ၍၎င်း၊ ငါ သည်သူ ၏ အဘ ဖြစ် မည်၊ သူ သည်လည်း ငါ ၏သား ဖြစ် လိမ့်မည်ဟူ၍၎င်း၊ အဘယ် မည်သော ကောင်းကင် တမန်ကို တစ်ခါမျှ မိန့် တော်မူသနည်း

6တနည်း ကား၊ သားဦး ကို ဤလောက သို့ သွင်း တော်မူသောအခါ ၊ ဘုရားသခင် ၏ ကောင်းကင်တမန် အပေါင်း တို့သည် ထိုသူ ကို ပြပ်ဝပ် ကိုးကွယ်ကြစေဟု လာ သတည်း

7တနည်း ကား၊ မိမိ တမန် တို့ကို လေ ကဲ့သို့၎င်း ၊ မိမိ အစေအပါး တို့ကို မီးလျှံ ကဲ့သို့၎င်း၊ ဖြစ် စေတော်မူထ သောဟု ကောင်းကင်တမန် တို့ကို ရည်ဆောင်၍ ဆို သတည်း

8သား တော်ကိုကား၊ အိုဘုရားသခင် ၊ ကိုယ်တော် ၏ ပလ္လင် သည် နိစ္စ ထာဝရပလ္လင် ဖြစ်ပါ၏။ ကိုယ်တော် နိုင်ငံ သည် တရား သဖြင့် စီရင်သော နိုင်ငံဖြစ်ပါ၏

9ကိုယ်တော်သည် ဖြောင့်မတ် ခြင်းတရားကို နှစ်သက် ၍၊ မတရား သောအမှုကို မုန်း တော်မူ၏။ ထိုကြောင့် အိုဘုရားသခင် ၊ ကိုယ်တော် ၏ ဘုရားသခင် သည် ကိုယ်တော် ၏ အပေါင်းအဖော် တို့ထက် ကိုယ်တော်ကို ချီးမြှောက်၍၊ ဝမ်းမြောက် ခြင်းဆီ နှင့် ဘိသိက် ပေးတော်မူပြီဟု လာသတည်း

10တဖန် ကျမ်းစာလာသည်ကား၊ အိုထာဝရ ဘုရား၊ ကိုယ်တော် သည် ရှေးဦးစွာ ၌ မြေကြီး ကို တည် တော်မူပြီ။ မိုဃ်း ကောင်းကင်သည်လည်း လက် တော်နှင့် ဖန်ဆင်း သောအရာ ဖြစ် ပါ၏

11ထိုအရာ တို့သည် ပျက်စီး ခြင်းသို့ ရောက်သော်လည်း ကိုယ်တော် သည် အမြဲတည် တော်မူ၏။ ထိုအရာရှိသမျှ တို့သည် အဝတ် ကဲ့သို့ ဟောင်းနွမ်း ခြင်းသို့ရောက်၍ ၊ ကိုယ်တော်သည် ဝတ်လုံ ကို လိပ် သကဲ့သို့ လိပ် တော်မူသဖြင့်ပြောင်းလဲ ခြင်းရှိကြသော်လည်း

12ကိုယ်တော် သည် ပြောင်းလဲ တော်မမူပါ။ အသက် တော်လည်း မ ကုန် မဆုံးရပါဟု လာသတည်း

13ထိုမှတစ်ပါး၊ သင် ၏ရန်သူ တို့ကို သင် ၏ ခြေ တင်ရာ ငါချ မ ထားမှီတိုင်အောင်ငါ့ လက်ျာဘက် ၌ ထိုင် နေ လော့ဟု၊ အဘယ် မည်သော ကောင်းကင် တမန်ကို တစ်ခါမျှ မိန့် တော်မူဘူးသနည်း

14ကောင်းကင်တမန်များတို့ကား၊ ကယ်တင် တော်မူခြင်း ကျေးဇူးကို အမွေခံ လတံ့ သော သူ တို့ကို ပြုစု စေခြင်းငှာ၊ စေလွှတ် တော်မူသော အစေခံ နံဝိညာဉ် ဖြစ် ကြသည် မ ဟုတ်လော။

← ဖိလေမုန်ဩဝါဒစာ 1Read In The App, Free →ဟေဗြဲဩဝါဒစာ 2 →

Study ဟေဗြဲဩဝါဒစာ 1

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213