ဟေဗြဲဩဝါဒစာ 12:13
ခြေမစွမ်း သောသူ တို့သည် အဆစ်မ ပြုတ် သည် သာမက ၊ ချမ်းသာ ရစေခြင်းငှာ ၊ သင် တို့သွားဘို့ရာဖြောင့် သောလမ်း တို့ကို ပြင်ဆင် ကြလော့
မြန်မာကျမ်းစာ
In The King James Version
In Context
12ထိုကြောင့် ၊ တွဲလွဲ နေသောလက် တို့နှင့် အား မရှိသောဒူး တို့ကို ခိုင်ခံ့ စေကြလော့
Cross References
Proverbs 4:26သင် သွား ရာလမ်း ကို စူးစမ်း ၍ ၊ သွား လေရာရာ ၌ တည်ကြည် ခြင်းရှိစေလော့။
Isaiah 35:6ခြေဆွံ့ သောသူတို့သည် ဒရယ် ကဲ့သို့ ခုန် ကြ လိမ့်မည်။ စကား အ သောသူတို့သည် သီချင်း ဆိုကြလိမ့်မည်။ အကြောင်း မူကား၊ တော ၌ စမ်းရေ ထွက်၍ ၊ လွင်ပြင် ၌ မြစ် ရေစီး လိမ့်မည်။
Isaiah 40:3တော ၌ ဟစ်ကြော် သောသူ ၏အသံ မှာ၊ ထာဝရဘုရား ကြွတော်မူရာ လမ်း ကို ပြင် ကြလော့။ ငါ တို့ ဘုရား သခင် ၏ လမ်း ခရီးတော်ကို လွင်ပြင် ၌ ဖြောင့် စေ ကြလော့။
Isaiah 58:12သင် ၏အမျိုးအနွယ်သည် ရှေး ပြိုပျက် ရာတို့ကို ပြုပြင် ကြလိမ့်မည်။ ရှေးကာလ၌တည်ဘူးသော တိုက်မြစ် များအပေါ်မှာ ထပ်ဆင့်၍ တည်ဆောက် ကြလိမ့်မည်။ သင် သည်လည်း ၊ ပြိုပျက်သော မြို့ရိုး ကို ပြုပြင် သောသူ၊ လူနေ ရာ လမ်း များကို ပြင်ဆင် သော သူဟူ၍ သမုတ် ခြင်း ကိုခံရလိမ့်မည်။
Jeremiah 31:8သူ တို့ကို မြောက် ပြည် မှ ငါ ဆောင် ခဲ့၍၊ မြေကြီး စွန်း မှ စုသိမ်း မည်။ မျက်စိ ကန်းသောသူ၊ ခြေဆွံ့ သောသူ၊ ကိုယ်ဝန် ဆောင်သောမိန်းမ၊ သားဘွား ခြင်းဝေဒနာကို ခံရသောမိန်းမများလည်းပါ လျက်၊ ကြီး စွာသော အစည်း အဝေးတို့သည် ပြန် လာကြလိမ့်မည်။
Galatians 6:1ညီအစ်ကို တို့၊ လူ သည်သတိလစ်၍ တစုံတခု သော ဒုစရိုက် ကိုပြုမိလျှင် ၊ ဝိညာဉ် ဆုကျေးဇူးကို ခံရသောသင် တို့သည် အပြစ်သွေးဆောင်ခြင်း နှင့် ကိုယ်တိုင်လွတ် မည်အကြောင်း၊ ကိုယ် ကိုသတိပြု လျက် သိမ်မွေ့ နူးညံ့သောသဘော နှင့် ထိုသို့သော သူ ကို မစ၍၊ သူ၏ နေရာ၌တည်မြဲ တည်စေပြန်ကြလော့။