ဟေဗြဲဩဝါဒစာ 3:12
ညီအစ်ကို တို့၊ သင် တို့သည် အသက် ရှင်တော်မူသော ဘုရားသခင် ထံ တော်မှ ထွက်သွား သောအားဖြင့် မယုံကြည် တတ်၊ ဆိုးညစ် သော စိတ် နှလုံးမ ရှိ စေခြင်းငှာသတိပြု ကြလော့
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Job 21:14ဘုရား သခင်အား လည်း ၊ ငါ တို့ထံမှ ထွက်သွား လော့။ ကိုယ်တော် ၏တရား ကို ငါတို့မ သိ လို ဟူ၍၎င်း၊
Psalms 18:21အကြောင်း မူကား၊ ငါသည်ထာဝရဘုရား ၏ လမ်း တော်သို့ အစဉ်လိုက်၏။ ငါ ၏ဘုရား သခင့်ထံ မှ ပြစ်မှား ၍ မ သွား။
Isaiah 59:13ထာဝရဘုရား ကို ပြစ်မှား ခြင်း၊ ငြင်းပယ် ခြင်းကို ပြု၍ ၊ ငါ တို့၏ဘုရား သခင်ကို စွန့် ကြပြီ။ ညှဉ်းဆဲ သော စကား၊ ပုန်ကန် သော စကားကို ပြော ခြင်း၊ မ ဟုတ်မမှန် သောစကား ကို အောက်မေ့ ၍ ၊ စိတ်နှလုံး ထဲက မြွက်ဆို ခြင်းကို ပြုကြပြီ။
Jeremiah 3:17ထို အခါ ယေရုရှလင် မြို့ကို ထာဝရဘုရား ၏ ပလ္လင် ဟူ၍ခေါ် ကြလိမ့်မည်။ လူမျိုး အပေါင်း တို့သည် လည်း ၊ ထာဝရဘုရား ၏နာမ တော်ကို အမှီပြု၍၊ ထို ပလ္လင် သို့ စည်းဝေး ကြလိမ့်မည်။ နောက် တဖန် မိမိ တို့၌ ဆိုး သောစိတ် နှလုံးခိုင်မာ ခြင်းသဘော သို့ လိုက် ၍ မ ကျင့် ရကြ။
Jeremiah 11:8သူတို့သည် နား မ ထောင်၊ နား ကို မ လှည့် ဘဲ ဆိုးညစ် သော မိမိ တို့ စိတ် နှလုံးခိုင်မာ ခြင်းရှိသည်အတိုင်း၊ တယောက်မျှ မကြွင်း၊ လိုက် သွားကြသောကြောင့် ၊ ငါမှာ ထား၍၊ သူတို့မ ကျင့် သော ဤ ပဋိညာဉ် စကား အလုံးစုံ တို့ကို၊ သူ တို့အပေါ် ၌ ငါသက်ရောက် စေမည်ဟု မိန့် တော်မူ ၏။
Jeremiah 17:5ထာဝရဘုရား မိန့် တော်မူသည်ကား ၊ လူ ကို ကိုးစား ၍ လူသတ္တဝါ ကို အမှီပြု သဖြင့် ၊ စိတ် နှလုံးထဲ၌ထာဝရဘုရား ထံ တော်မှ ထွက် သွားသော သူ သည် ကျိန် အပ်သောသူဖြစ်၏။