ဟေဗြဲဩဝါဒစာ 6:8
အကြင်မြေသည် ဆူးပင် အမျိုးမျိုးကိုဖြစ် စေတတ်၏။ ထိုမြေသည် ပြုစုခြင်းကိုမခံထိုက်။ ကျိန် ခြင်းကို ခံရသော အချိန်နီး သည် ဖြစ်၍၊ နောက်ဆုံး ၌ မီးရှို့ ခြင်းသို့ ရောက်တတ်၏
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 3:17ယောက်ျား ကို လည်း ၊ ထို အပင်၏အသီးကို မ စား ရဟု ငါပညတ် သော်လည်း၊ သင်သည်မယား ၏ စကား ကို နားထောင် ၍ စား မိသောကြောင့် ၊ မြေ သည် သင် ၏အတွက် ကျိန် ခြင်းကိုခံ လျက်ရှိ၏။ မြေ၏အသီးကို တသက် ပတ်လုံးပင်ပန်း စွာ စား ရမည်။
Genesis 5:29ဤ သူသည်ကား၊ ထာဝရဘုရား ကျိန် တော်မူသောမြေ ၌ လုပ် ၍ ပင်ပန်း စွာ ခံရသောငါ တို့အား သက်သာ စေသောသူဖြစ်လိမ့်မည်ဟူ၍ သူ့ကိုနောဧ ဟူသောအမည် ဖြင့် မှည့် လေ၏။
Deuteronomy 29:28ပြင်းစွာသော ဒေါသ အမျက် အရှိန်အားကြီး လျက် သူ တို့ပြည် ထဲက သူ တို့ကို နှုတ်ပယ် ၍ ၊ ယနေ့ တိုင်အောင် အခြား တပါးသောပြည် သို့ နှင်ထုတ် တော်မူသည် ဟု ပြန်ပြောကြလိမ့်မည်။
Job 31:40စပါး ပင်အတွက် ဆူး ပင်ပေါက် ပါစေ။ မုယော ပင်အတွက် ဗောရှ ပင်ပေါက်ပါစေဟုမြွက်ဆို၏။ ယောဘ မြွက်ဆိုသောစကား ပြီး ၏။
Isaiah 5:1ငါ ချစ် ရာသခင်၏ စပျစ် ဥယျာဉ်တော်ကို အကြောင်း ပြု၍၊ မေတ္တာသီချင်း ကို ရှေ့တော်၌ဆို ပေအံ့။ မြေ ကောင်းသော တောင် ပေါ် မှာ ငါ ချစ်ရာ သခင်၏ စပျစ် ဥယျာဉ်တော်တဆူရှိ ၏။
Jeremiah 17:6ထိုသူသည် လွင်ပြင် ၌ ရှိသောသစ်ပင် ခြောက် ကဲ့သို့ ဖြစ် ၍ ၊ ကောင်းကျိုး ရောက် ကြောင်းကို မ သိ ရ။ အဘယ်သူမျှမ နေ သောဆား မြေ ၊ သွေ့ ခြောက်သော လွင်ပြင် ၌ နေ ရလိမ့်မည်။