The Bible Software
ဟေဗြဲဩဝါဒစာ · မြန်မာကျမ်းစာ

ဟေဗြဲဩဝါဒစာ 6

1ထိုကြောင့် ၊ သေ ခြင်းနှင့်စပ်ဆိုင်သော အကျင့် ကို နောင်တရ ခြင်း၊ ဘုရားသခင် ကို ယုံကြည် ခြင်း၊ ဗတ္တိဇံ တရားကိုသွန်သင် ခြင်း၊ လက် ကိုတင် ခြင်း၊ သေ လွန်သော သူတို့၏ထမြောက် ခြင်း၊ ထာဝရ စီရင် ဆုံးဖြတ်ခြင်းတည်းဟူသောမူလ အမြစ်ကို ငါတို့သည် ပြန် ၍ မ တည် ဘဲ၊

2ခရစ်တော် ၏ဘာသာ၌ အစအဦး ဖြစ် သော အကြောင်း အရာတို့ကိုထား ၍၊ စုံလင် သောအဖြစ်သို့ တက် ကြကုန်အံ့

3ဘုရားသခင် အခွင့် ပေးတော်မူလျှင် ၊ ငါတို့သည် ထိုသို့ ပြုကြ မည်

4အလင်းသို့တစ်ခါ ရောက်၍ ကောင်းကင် ဆုကျေးဇူး ကို မြည်းစမ်း ခြင်း၊ သန့်ရှင်း သော ဝိညာဉ် တော် ကိုခံယူ ခြင်း၊

5ဘုရားသခင် ၏ ကောင်းမြတ် သော တရား စကားကို၎င်း ၊ နောင် ကပ် ကာလ၏ တန်ခိုး များကို၎င်း ၊ မြည်းစမ်း ခြင်းရှိပြီးမှ၊

6ရွေ့လျော့ဖောက်ပြန်သောသူတို့သည်၊ မိမိတို့တွင် ဘုရားသခင် ၏သား တော်ကို လက်ဝါးကပ်တိုင် မှာ ကွပ်မျက်၍ အသရေတော်ကို ရှုတ်ချ သောသူဖြစ်သောကြောင့်၊ နောက် တဖန်နောင်တရ အံ့သောငှာ အသစ် ပြုပြင်ခြင်းသို့ မ ရောက်နိုင်ကြ

7ဥပမာကား၊ အကြင်မြေ သည် မိမိ အပေါ်သို့ အဖန်ဖန် ကျ သော မိုဃ်းရေ ကိုသောက် ၍၊ လုပ် သော သူ သုံး ဘို့ ဟင်းသီး ဟင်းရွက်ကို ဖြစ် စေတတ်၏။ ထိုမြေ သည်ဘုရားသခင် ၏ ကောင်းကြီး မင်္ဂလာကိုခံ တတ်၏

8အကြင်မြေသည် ဆူးပင် အမျိုးမျိုးကိုဖြစ် စေတတ်၏။ ထိုမြေသည် ပြုစုခြင်းကိုမခံထိုက်။ ကျိန် ခြင်းကို ခံရသော အချိန်နီး သည် ဖြစ်၍၊ နောက်ဆုံး ၌ မီးရှို့ ခြင်းသို့ ရောက်တတ်၏

9ထိုသို့ ပြော သော်လည်း ၊ ချစ်သူ တို့၊ သင်တို့သည် ကယ်တင် ခြင်းနှင့် ယှဉ်သောအရာ၊ သာ၍ ကောင်းသောအရာ တို့နှင့်ဆိုင် သည်ကို၊ ငါတို့သည် သဘောကျ လျက်ရှိကြ၏

10အကြောင်းမူကား ၊ သင်တို့သည် သန့်ရှင်း သူတို့ကို အထက်က လုပ်ကျွေး သည်သာမက၊ ယခုပင်လုပ်ကျွေး ခြင်းအမှုကို၎င်း၊ ထိုသို့ပြုသောအားဖြင့်နာမ တော်ကိုထောက်၍ ပြ သောမေတ္တာ ကို၎င်း၊ ဘုရားသခင် သည် မေ့လျော့ သည်တိုင်အောင်အဓမ္မ အမှုကို ပြုတော်မူသည်မ ဟုတ်

11သင် တို့ရှိသမျှ သည် ပျင်းရိ ခြင်းနှင့် ကင်းလွတ် ၍၊ ယုံကြည် ခြင်းနှင့် သည်းခံ ခြင်းအားဖြင့် ဂတိ တော် တို့ကို အမွေခံ ရသောသူ တို့နည်းတူကျင့် နိုင်မည်အကြောင်း

12ထိုသို့သောလုံ့လ ဝိရိယကို ထုတ် ၍၊ အဆုံး တိုင်အောင် ယုံမှား ခြင်းနှင့်ကင်းသော မြော်လင့် ခြင်းနှင့် ပြည့်စုံစေခြင်းငှာ ငါတို့သည် အလိုရှိ ကြ၏

13ဘုရားသခင် သည် အာဗြဟံ ၌ ဂတိ ထားတော်မူသောအခါ၊ ကိုယ်တော်ထက်သာ၍ကြီးမြတ် သောသူကို တိုင်တည် ၍ ကျိန်ဆိုရန် မ ရှိ သောကြောင့် ၊ ကိုယ်တော် ကို တိုင်တည် ၍

14ငါသည်သင့် အား အစဉ်အမြဲကောင်းကြီး ပေးမည်။ သင့် ကို အစဉ်အမြဲပွားများ စေမည်ဟု ကျိန်ဆို တော်မူ၏

15ထိုသို့ နှင့်အညီအာဗြဟံသည် သည်းခံ လျက် စောင့်နေပြီးမှ ၊ ဂတိ တော်ကိုဝင်စား လေ၏

16လူ တို့သည် မိမိထက်ကြီးမြတ် သောသူ ကို တိုင်တည် ၍ ကျိန်ဆိုလေ့ရှိကြ၏။ မြဲမြံ စေတတ်သော အကျိန် သည် ငြင်းခုံ ခြင်းရှိသမျှ ကို ဖြေ တတ်၏

17ထိုကြောင့်၊ ဂတိ တော်ကို အမွေခံ ရသောသူတို့သည်၊ ဘုရားသခင် ၏ အကြံအစည် တော်မ ဖောက်ပြန်နိုင် ကြောင်းကို အတပ် သိစေခြင်းငှာ၊ ဘုရားသခင်သည် အကျိန် အားဖြင့်အာမခံ တော်မူ၏

18အကြောင်းမူကား ၊ ဘုရားသခင် သည် မုသာ မ သုံးနိုင်သော အရာတည်းဟူသောမ ဖောက်ပြန်မပြောင်းလဲနိုင်သော အရာ နှစ် ပါးကို အမှီပြု ၍၊ ကိုယ် ရှေ့၌ထားသော မြော်လင့် ရာကို ခိုလှုံ ခြင်းငှာပြေး သော ငါတို့သည် သက်သာ အားကြီး ကြမည်အကြောင်းတည်း

19ထိုမြော်လင့်ခြင်းမူကား၊ ကုလားကာ အတွင်း ၌ ချ ၍ မြဲမြံ ခိုင်ခံ့ သော စိတ် နှလုံး၏ကျောက်ဆူး ကဲ့သို့ ငါတို့၌ရှိ သတည်း

20မေလခိဇေဒက် နည်းတူ ထာဝရ ယဇ်ပုရောဟိတ် မင်း ဖြစ် သော ယေရှု သည်၊ ငါ တို့အတွက် ၊ ထိုအတွင်း အရပ်ထဲသို့ရှေ့ဆောင် ၍ ဝင် သောသူဖြစ်တော်မူ၏။

← ဟေဗြဲဩဝါဒစာ 5Read In The App, Free →ဟေဗြဲဩဝါဒစာ 7 →

Study ဟေဗြဲဩဝါဒစာ 6

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213