ဟေဗြဲဩဝါဒစာ 8:10
နောင် ကာလ အခါ ဣသရေလ အမျိုးသား တို့၌ ငါပေး အံ့သော ပဋိညာဉ် တရားဟူမူကား၊ ငါထာဝရ ဘုရားသည် ငါ့ ပညတ် တို့ကို သူ တို့ စိတ် ဝိညာဉ်ထဲသို့ သွင်း မည်။ သူ တို့နှလုံး ပေါ်မှာ ရေး ထားမည်။ ငါသည် သူ တို့၏ ဘုရား ဖြစ် မည်။ သူ တို့သည်လည်း ငါ ၏လူ ဖြစ် ကြလိမ့်မည်
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Exodus 19:5ထိုကြောင့် ယခု တွင် သင်တို့သည် ငါ့ စကား ကို အမှန်နားထောင် ၍ ငါ့ ပဋိညာဉ် ကို စောင့်ရှောက် လျှင် အခြားသောလူမျိုး တကာ တို့ထက် သင်တို့သည် ငါ ပိုင်ထိုက်သော ဘဏ္ဍာ တော်ဖြစ် ရကြလိမ့်မည်။ မြေကြီး ရှိသမျှ သည် ငါ ၏ ဥစ္စာဖြစ်၏။
Exodus 24:7ပဋိညာဉ် စာ ကိုလည်း ယူ ၍ ၊ ပရိသတ် များရှေ့ မှာ ဘတ် ပြီးလျှင် ၊ သူတို့ကလည်း၊ ထာဝရဘုရား မိန့် တော်မူသမျှ အတိုင်း အကျွန်ုပ်တို့ပြု ပါမည်၊ နားထောင် ပါမည်ဟု ပြောဆို ကြ၏။
Exodus 34:27ဤ စကား များကို ရေး ထားလော့။ ဤ စကား များလာသည် အတိုင်း သင် မှစ၍ ဣသရေလ အမျိုးနှင့် ငါပဋိညာဉ် ပြု သည်ဟု မောရှေ အား မိန့် တော်မူ၏။
Song of Solomon 2:16ငါ ချစ် ရာသခင်ကိုငါ ဆိုင် ပေ၏။ ငါ့ ကိုလည်း သခင် ဆိုင် ပေ၏။ နှင်း တော၌ ကျက်စား တော်မူ၏။
Jeremiah 31:1ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထို ကာလ ၌ ငါသည် ဣသရေလ အဆွေ အမျိုးအပေါင်း တို့၏ ဘုရား သခင်ဖြစ် ၍ ၊ သူတို့သည် ငါ ၏ လူ ဖြစ် ကြလိမ့်မည်။
Jeremiah 32:38သူတို့သည် ငါ ၏ လူ ဖြစ် ကြလိမ့်မည်။ ငါ သည် လည်း သူ တို့၏ ဘုရား သခင်ဖြစ် မည်။