The Bible Software
ဟေဗြဲဩဝါဒစာ · မြန်မာကျမ်းစာ

ဟေဗြဲဩဝါဒစာ 8

1ယခု ဆို ခဲ့ပြီး သော အကြောင်း အရာတို့၏ အချုပ်အခြာ ဟူမူကား၊ ထိုသို့သော ယဇ်ပုရောဟိတ် မင်းသည် ငါတို့၌ရှိ ၏။ ကောင်းကင် ဘုံ၌ တန်ခိုး အာနုဘော်တော်၏ ပလ္လင် လက်ျာဘက် မှာ ထိုင် နေတော်မူ၏

2လူ မ ဆောက်ဘဲ ထာဝရ ဘုရား ဆောက် တော်မူသော တဲ တော်စစ် တည်းဟူသော၊ သန့်ရှင်း ရာဌာန၌ ဘုရား ဝတ်ကိုပြုသောသူဖြစ်တော်မူ၏

3ယဇ်ပုရောဟိတ် မင်းမည်သည်ကား၊ ပူဇော် သက္ကာနှင့် ယဇ် ကိုပူဇော် စေခြင်းငှာခန့်ထား လျက်ရှိသည် ဖြစ်၍၊ ငါတို့ ယဇ်ပုရောဟိတ်မင်းသည်လည်း ပူဇော် စရာယဇ်တစ်စုံတစ်ခုရှိ ရ၏

4ပညတ် တရားအတိုင်း ပူဇော် သက္ကာကို ဆက်ကပ် သော ယဇ် ပုရောဟိတ်များ ရှိ ကြသည်ဖြစ်၍၊ ထိုသခင်သည် မြေကြီး ပေါ်မှာ ရှိ နေလျှင် ယဇ် ပုရောဟိတ်မ လုပ် ရ

5မောရှေ သည် တဲ တော်ကို ဆောက်လုပ် အံ့သောအခါ၊ တောင် ပေါ်မှာ သင့် အားပြ ခဲ့ပြီးသောပုံ နှင့် ညီလျော် စွာ အလုံးစုံ တို့ကို လုပ် ခြင်းငှာသတိပြုရမည်ဟု ဗျာဒိတ် တော်ကို ခံရသည်ဖြစ်၍၊ ထိုယဇ် ပုရောဟိတ်တို့သည် ကောင်းကင် အရာတို့၏ ပုံပမာ အရိပ် နှင့်သာဆိုင်လျက် ဝတ် ကိုပြုနေကြ၏

6ထိုမှတစ်ပါး ၊ ယေရှုသည် သာ၍ မြတ်သော ဂတိ တော်တို့၌ တည် သော၊ သာ၍ မြတ်သော ပဋိညာဉ် တရား၏ အာမခံ ဖြစ်သည်နှင့်အညီ၊ သာ၍မြတ် သော ဝတ်ပြု ခြင်း အခွင့်အရာကို ရတော်မူ ၏

7ပဌမ ပဋိညာဉ် တရားသည်၊ အပြစ်တင် ခွင့်မရှိသည်မှန်လျှင် ၊ ဒုတိယ ပဋိညာဉ်တရား တည် ရသော အခွင့်ကို အဘယ်ကြောင့်ရှာ ရသနည်း

8ပဌမပဋိညာဉ် တရားကို ထာဝရ ဘုရားသည် အပြစ်တင် ၍ မိန့် တော်မူသည်ကား၊

9ငါ သည် ဤလူမျိုး ၏ ဘိုးဘေး တို့ကိုလက် ဆွဲ ၍ အဲဂုတ္တု ပြည် မှ ဆောင်သွား သောအခါ၊ သူတို့၌ ငါပေး သော ပဋိညာဉ် တရားနှင့် ခြားနား သော ပဋိညာဉ် တရားသစ် ကို ဣသရေလ အမျိုးသား ၊ ယုဒ အမျိုးသား တို့၌ ငါပေးသော အချိန် ကာလရောက် လိမ့်မည်။ အရင် ငါ ပေးဘူးသော ပဋိညာဉ် တရား၌ သူ တို့သည် မ တည် ကြ၊ ငါ သည်လည်း သူ တို့ကို မ ကြည့်ရှုမပြုစုဘဲနေ၏

10နောင် ကာလ အခါ ဣသရေလ အမျိုးသား တို့၌ ငါပေး အံ့သော ပဋိညာဉ် တရားဟူမူကား၊ ငါထာဝရ ဘုရားသည် ငါ့ ပညတ် တို့ကို သူ တို့ စိတ် ဝိညာဉ်ထဲသို့ သွင်း မည်။ သူ တို့နှလုံး ပေါ်မှာ ရေး ထားမည်။ ငါသည် သူ တို့၏ ဘုရား ဖြစ် မည်။ သူ တို့သည်လည်း ငါ ၏လူ ဖြစ် ကြလိမ့်မည်

11ထိုသူတို့က၊ ထာဝရဘုရား ကို သိ လော့ဟု၊ အမျိုးသား ချင်း၊ ညီအစ်ကို အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ဆုံးမ ဩဝါဒမ ပေးရကြ၊ အကြောင်းမူကား ၊ အငယ်ဆုံး သောသူမှစ၍ အကြီးဆုံး သောသူတိုင်အောင် ထိုသူ အပေါင်း တို့သည် ငါ့ ကိုသိ ကြလိမ့်မည်

12ထိုအခါငါသည် သူ တို့အပြစ် များကို သည်းခံ မည်။ သူ တို့ပြစ်မှား ခြင်း၊ လွန်ကျူးခြင်းများကို မ အောက်မေ့ ဘဲနေမည်ဟု ထာဝရ ဘုရား မိန့် တော်မူ၏

13ပဋိညာဉ်တရားသစ် ဟူ၍မိန့် တော်မူသည်တွင် ပဌမ ပဋိညာဉ်တရားကို ဟောင်း စေတော်မူ၏။ ရွေ့လျော့ ၍ ဟောင်း သောအရာ မည်သည်ကား၊ ကွယ်ပျောက် ခြင်း သို့ရောက်လုနီး သတည်း။

← ဟေဗြဲဩဝါဒစာ 7Read In The App, Free →ဟေဗြဲဩဝါဒစာ 9 →

Study ဟေဗြဲဩဝါဒစာ 8

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213