ဟေဗြဲဩဝါဒစာ 8:3
ယဇ်ပုရောဟိတ် မင်းမည်သည်ကား၊ ပူဇော် သက္ကာနှင့် ယဇ် ကိုပူဇော် စေခြင်းငှာခန့်ထား လျက်ရှိသည် ဖြစ်၍၊ ငါတို့ ယဇ်ပုရောဟိတ်မင်းသည်လည်း ပူဇော် စရာယဇ်တစ်စုံတစ်ခုရှိ ရ၏
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Ephesians 5:2ခရစ်တော် သည် ငါ တို့ကို ချစ် တော်မူသောအားဖြင့်ဘုရားသခင့် ရှေ့တော်၌ မွှေးကြိုင် သော အနံ့ ရှိစေခြင်းငှာ ၊ ကိုယ်ကိုကိုယ် ဆက်ကပ် ၍ ယဇ် ပူဇော်လျက် ၊ ငါ တို့အတွက် စွန့် တော်မူသည်နည်းတူ ၊ သင်တို့သည် မေတ္တာ တရား၌ ကျင်လည် ကြလော့။
Hebrews 5:1လူတို့ တွင် ရွေးကောက်သော ယဇ်ပုရောဟိတ် မင်း မည်သည်ကား ၊ ပူဇော် သက္ကာကို၎င်း ၊ အပြစ် ဖြေ ရာ ယဇ် ကို၎င်း ပူဇော် ၍၊ လူတို့ အတွက် ဘုရား ဝတ်ပြု စေခြင်းငှာခန့်ထား တော်မူသောသူဖြစ်၏
Hebrews 9:14ထိုမျှမက၊ အပြစ် ကင်းသော ကိုယ်တော် ကို၊ ထာဝရ ဝိညာဉ် တော်အားဖြင့် ၊ ဘုရားသခင့် ရှေ့၌ တင်လှူပူဇော် သော ခရစ်တော် ၏ အသွေး သည်၊ သေ ခြင်းနှင့် စပ်ဆိုင်သောအကျင့် ကို ပယ်ရှင်း၍၊ သင်တို့သည် အသက် ရှင်တော်မူသော ဘုရားသခင် ကို ဝတ်ပြု မည်အကြောင်း ၊ သင် တို့၌ ကိုယ်ကိုကိုယ် သိသော စိတ်ကို စင်ကြယ် စေခြင်းငှာ၊ သာ၍တတ်နိုင်တော်မူသည်မဟုတ်လော