ဟေဗြဲဩဝါဒစာ 8:4
ပညတ်တရားအတိုင်း ပူဇော်သက္ကာကို ဆက်ကပ်သော ယဇ်ပုရောဟိတ်များ ရှိကြသည်ဖြစ်၍၊ ထိုသခင်သည် မြေကြီးပေါ်မှာရှိနေလျှင် ယဇ်ပုရောဟိတ်မလုပ်ရ။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Numbers 16:40ထိုသို့ အာရုန်အမျိုးမဟုတ်။ အခြားတပါးသော အမျိုးသားသည်၊ ထာဝရဘုရားရှေ့တော်၌ နံ့သာပေါင်း ကို မီးရှို့၍ ပူဇော်သောအားဖြင့်၊ ကောရနှင့် သူ၏ အပေါင်းအသင်းကဲ့သို့ မဖြစ်စေမည်အကြောင်း၊ ထာဝရ ဘုရားသည် မောရှေအားဖြင့် မှာထားတော်မူသည် အတိုင်း၊ ထိုလင်ပန်းတို့သည် ဣသရေလအမျိုးသားတို့ အား သတိပေးရာနိမိတ်ဖြစ်ရကြ၏။
Numbers 18:5နောက်တဖန် အမျက်တော်ထွက်၍ ဣသရေလ အမျိုးသားတို့အပေါ်သို့ မရောက်မည်အကြောင်း၊ သင်တို့ သည် သန့်ရှင်းရာဌာနတော်နှင့် ယဇ်ပလ္လင်ကို စောင့်ရကြ မည်။
Hebrews 5:1လူတို့တွင်ရွေးကောက်သော ယဇ်ပုရောဟိတ်မင်း မည်သည်ကား၊ ပူဇော်သက္ကာကို၎င်း၊ အပြစ်ဖြေရာ ယဇ်ကို၎င်း ပူဇော်၍၊ လူတို့အတွက် ဘုရားဝတ်ပြုစေခြင်းငှါ ခန့်ထားတော်မူသောသူဖြစ်၏။
Hebrews 11:4အာဇေလသည်၊ ကာဣနပူဇော်သော ယဇ်ထက်သာ၍ မြတ်သောယဇ်ကို၊ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်အားပူဇော်၏။ ထိုသို့သောယဇ်ကိုပူဇော်၍၊ မိမိဖြောင့်မတ်သည်ဟု သက်သေခံတော်မူခြင်းကို ရလေ၏။ အဘယ်သို့နည်းဟူမူကား၊ သူလှူသောအလှူကို ဘုရားသခင်သည် လက်ခံတော်မူ၏။ သို့ဖြစ်၍၊ အာဗေလသည် သေလွန်သော်လည်း ယခုပင်တရားဟောသေး၏။