Isaiah 13:7
ထိုကြောင့် ၊ ရှိသမျှ သော လက် တို့သည် ကျ ကြ လိမ့်မည်။ လူ အပေါင်း တို့သည် စိတ် ပျက် ၍ ကြောက်လန့် ခြင်းသို့ ရောက်ကြလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
Therefore shall all hands be faint, and every man’s heart shall melt:
In Context
Cross References
Isaiah 10:3ငါကြည့်ရှုစီရင် သည်ကာလ ၊ အဝေး က ရောက်လတံ့ သော ဖျက်ဆီး ခြင်းဖြစ်သည်ကာလ၌ ၊ သင်တို့သည် ချမ်းသာ ရအံသောငှါ ၊ အဘယ် သူထံ သို့ ပြေး ကြလိမ့်မည်နည်း။ သင် တို့စည်းစိမ် ဥစ္စာကို အဘယ်မှာ သို ထား ကြ လိမ့်မည်နည်း။
Isaiah 37:27ထိုကြောင့်၊ မြို့သား တို့သည် အား နည်း ကြ၏။ မှိုင်တွေ ၍ စိတ်ပျက်လျက်ရှိကြ၏။ တော မြက် ပင်နှင့် စိမ်း သောစပါးပင်ကဲ့သို့၎င်း၊ အိမ်မိုး ပေါ်မှာ ပေါက်သော မြက်ပင် နှင့်၊ မကြီး မှီ ညှိုးနွမ်းသောစပါးပင်ကဲ့သို့၎င်း ဖြစ်ကြ၏။
Jeremiah 50:43သူ တို့၏သိတင်း ကို ဗာဗုလုန် ရှင် ဘုရင်သည် ကြား ၍ လက် အားလျော့ ၏။ ဒုက္ခ ဆင်းရဲကို၎င်း ၊ သားဘွား သောမိန်းမခံရသကဲ့သို့ ပြင်းစွာသော ဝေဒနာ ကို၎င်း ခံရ၏။
Ezekiel 21:7သူတို့ကလည်း၊ အဘယ်ကြောင့် ညည်းတွား သနည်းဟု သင့် ကိုမေး သောအခါ ၊ သင်က၊ ငါသည် သိတင်း စကားကြောင့် ညည်းတွား၏။ အမှုနီး ပြီ၊ ။ လူ အပေါင်း တို့သည် ကြောက် အားကြီး၍ လက် အားလျော့ ကြလိမ့်မည်။ စိတ်ပျက် ၍ ဒူး သည်လည်း အရည် ဖြစ် လိမ့်မည်။ အမှုလာ ၍ ရောက် မည်အကြောင်းကို၊ အရှင် ထာဝရဘုရား ဗျာဒိတ် ပေးတော်မူကြောင်းကို ပြန်ပြော လော့ဟု မိန့်တော်မူ၏။
Nahum 1:6အမျက် တော်ရှေ့ မှာ အဘယ်သူ ရပ် နိုင်သနည်း။ အမျက် တော်အရှိန် ကို အဘယ်သူ ဆီးတား နိုင်သနည်း။ မီး လောင်သကဲ့သို့ အမျက် ထွက် ၍ ၊ ကျောက် တို့ကို ဖြို ချ တော်မူ၏။
Nahum 2:11ခြင်္သေ့ နေရာအရပ်၊ ခြင်္သေ့ ပျို စား ရာအရပ်၊ ခြင်္သေ့ ၊ ခြင်္သေ့ မ၊ ခြင်္သေ့ ကလေး တို့သည် အဘယ်သူမျှမ ကြောက် စေဘဲ၊ ကျင်လည် ရာအရပ်သည် အဘယ်မှာ ရှိသနည်း။