Isaiah 14:30
အတိုင်းထက်အလွန် ဆင်းရဲ သောသူတို့သည် စား ရကြလိမ့်မည်။ ဆင်းရဲ ငြိုငြင်သောသူတို့သည် ဘေး လွတ်လျက် အိပ် ရကြလိမ့်မည်။ ငါသည်သင် ၏အမြစ် ကို သွေ့ ခြောက်ခြင်းအားဖြင့် သတ် ၍ ၊ သင် ၏ အကြွင်း ကိုလည်း မြွေဆိုးသည်ကွပ်မျက် လိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Job 18:13ထိုဘေးသည် သူ ၏အရိုးတို့ကို ကိုက် ခဲ၍၊ သေမင်း ၏သား ဦးသည် သူ ၏ခွန်အား ကို မျို လိမ့်မည်။
Isaiah 5:17ထိုအခါ သိုး သငယ်တို့သည် အလိုအလျောက်ကျက်စား ရကြလိမ့်မည်။ သူဌေး သူကြွယ်ပိုင်းဘူး၍၊ လူဆိတ်ညံရာအရပ်၌လည်း ဧည့်သည် တို့သည် စား ရကြ လိမ့်မည်။
Isaiah 8:21ပင်ပန်း ခြင်းနှင့် မွတ်သိပ် ခြင်းကိုခံလျက် လွန် သွားရကြလိမ့်မည်။ မွတ်သိပ် သောအခါ လည်း ကိုယ်ကို ကိုယ်နှောင့်ရှက် ၍ ၊ မိမိ တို့ ရှင်ဘုရင် နှင့် မိမိ တို့ ဘုရား သခင်ကို ကျိန်ဆဲ ကြလိမ့်မည်။
Isaiah 30:23သင် သည် လယ် ၌ကြဲ သော မျိုးစေ့ ဘို့ မိုဃ်း ကို ရွာ စေတော်မူလိမ့်မည်။ မြေ အသီး အနှံမှ ဖြစ်သော မုန့် ကို အလွန်ကြွယ်ဝ စွာ ပေး သနားတော်မူလိမ့်မည်။ ထိုအခါ သင် ၏သိုး နွားတို့သည် ကျယ် သော အရပ် ၌ ကျက်စား ရကြ လိမ့်မည်။
Isaiah 37:30သင်မှတ်ရသောနိမိတ် လက္ခဏာဟူမူကား၊ ယခုနှစ် တွင် အလိုလိုကြီး ရင့်သော အသီးအနှံကို၎င်း၊ ဒုတိယ နှစ် တွင် ထိုအတူ ပေါက် သောအရာများကို၎င်းသင်တို့သည် စား ရမည်။ တတိယ နှစ် တွင် မျိုးစေ့ကိုကြဲ ၍ စပါးကိုရိတ် ကြလော့။ စပျစ် ဥယျာဉ်ကိုလည်း စိုက် ၍ အသီး ကို စား ကြလော့။
Isaiah 65:13ထိုကြောင့်၊ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါ ၏ကျွန် တို့သည် စား ကြလိမ့်မည်။ သင် တို့မူကား ၊ မွတ်သိပ် ကြလိမ့်မည်။ ငါ ၏ကျွန် တို့သည် သောက် ကြလိမ့်မည်။ သင် တို့မူကား ၊ ရေငတ် ကြလိမ့်မည်။ ငါ ၏ကျွန် တို့သည် ဝမ်းမြောက် ကြလိမ့်မည်။ သင် တို့မူကား ၊ ရှက် ကြောက် ကြလိမ့်မည်။