Isaiah 19:21
အဲဂုတ္တုပြည်တွင် ထာဝရဘုရားကို သိရကြ သည်ဖြစ်၍၊ ထို ကာလ ၌ အဲဂုတ္တု လူတို့သည် ထာဝရဘုရား ကို သိ သောကြောင့်၊ ပူဇော် သက္ကာအလှု ဒါနကို ဆက်ကပ်၍ ဝတ်ပြု ကြလိမ့်မည်။ ထာဝရဘုရား ရှေ့ တော်၌ သစ္စာ ဂတိထား ၍ ၊ ထားသည့်အတိုင်း ပြု ကြလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
1 Samuel 17:46ထာဝရဘုရား သည် သင့် ကို ငါ့ လက် ၌ ယနေ့ အပ် တော်မူသဖြင့် ၊ သင့် ကို ငါသတ် ၍ လည်ပင်း ကို ဖြတ် မည်။ ဖိလိတ္တိ ဗိုလ်ခြေ အသေကောင် များကို မိုဃ်း ကောင်းကင်ငှက် နှင့် တော သားရဲ တို့အား ယနေ့ ငါပေး မည်။ ဣသရေလ အမျိုး၌ ဘုရား သခင်ရှိ တော်မူသည်ကို မြေကြီး သားအပေါင်း တို့ သည်သိ ရကြလိမ့်မည်။
Psalms 67:2ထိုသို့သောအားဖြင့် မြေကြီး သားတို့သည် အမှု တော်တို့ကို သိ ၍ ၊ ခပ်သိမ်း သော လူမျိုး တို့သည် ကယ်တင် တော်မူခြင်း ကျေးဇူးကိုခံ ရကြပါစေသော။
Psalms 98:2ထာဝရဘုရား သည် ကယ်တင် တော်မူခြင်း ကျေးဇူးကို ထင်ရှား စေ၍၊ ဖြောင့်မတ် တော်မူခြင်း တရား ကိုလည်း တပါး အမျိုးသားတို့အား ဘော်ပြ တော်မူပြီ။
Isaiah 11:9ငါ ၏ သန့်ရှင်း သောတောင် တပြင်လုံး ၌ အချင်းချင်း ညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်းကို မပြုရကြ။ အကြောင်းမူကား၊ ပင်လယ် ရေသည် မိမိနေရာကို လွှမ်းမိုး သကဲ့သို့ ၊ မြေကြီး သည် ထာဝရဘုရား ကို သိကျွမ်း ခြင်းပညာနှင့် ပြည့်စုံ လိမ့်မည်။
Isaiah 44:5တယောက် က၊ ငါ သည် ထာဝရဘုရား ၏ လူဖြစ် သည်ဟု ဆို လိမ့်မည်။ တယောက် သည်လည်း ၊ ယာကုပ် အမည် ဖြင့် ကိုယ်ကိုကိုယ်မှည့် လိမ့်မည်။ တယောက် သည် လည်း ၊ ထာဝရဘုရား ၏ လူဟူ၍ မိမိ လက် တွင် စာ ထိုး လျက် ၊ ဣသရေလ အမည် သစ်ဖြင့် ကိုယ်ကိုကိုယ်မှည့် လိမ့်မည်။
Isaiah 56:7ငါ ၏သန့်ရှင်း သော တောင် သို့ ငါဆောင် ခဲ့၍ ၊ ငါ ၏ပဌနာ အိမ် ၌ ဝမ်းမြောက် စေမည်။ သူ တို့ မီးရှို့ ရာ ယဇ်နှင့် ယဇ် အမျိုးမျိုးတို့ကို ငါ့ ယဇ်ပလ္လင် ပေါ် မှာ လက်ခံ မည်။ ငါ့ အိမ် ကို လူ အမျိုးမျိုး ဆုတောင်း ရာ အိမ် ဟူ၍ခေါ်ဝေါ် ကြလတံ့။