Isaiah 11:9
ငါ ၏ သန့်ရှင်း သောတောင် တပြင်လုံး ၌ အချင်းချင်း ညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်းကို မပြုရကြ။ အကြောင်းမူကား၊ ပင်လယ် ရေသည် မိမိနေရာကို လွှမ်းမိုး သကဲ့သို့ ၊ မြေကြီး သည် ထာဝရဘုရား ကို သိကျွမ်း ခြင်းပညာနှင့် ပြည့်စုံ လိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Psalms 22:27မြေကြီး စွန်း ရှိသမျှ တို့သည် သတိရ ၍ ၊ ထာဝရဘုရား ထံ တော်သို့ ပြောင်း လဲကြလိမ့်မည်။ လူ အမျိုး အနွယ် အပေါင်း တို့သည် ရှေ့ တော်၌ ကိုးကွယ် ကြလိမ့်မည်။
Psalms 98:2ထာဝရဘုရား သည် ကယ်တင် တော်မူခြင်း ကျေးဇူးကို ထင်ရှား စေ၍၊ ဖြောင့်မတ် တော်မူခြင်း တရား ကိုလည်း တပါး အမျိုးသားတို့အား ဘော်ပြ တော်မူပြီ။
Isaiah 11:13ဧဖရိမ် အမျိုးသည် ငြူစူ သောစိတ်ငြိမ်း လိမ့်မည်။ ရန်ပြု တတ်သော ယုဒ အမျိုးသားတို့သည်လည်း ၊ ရန်ပြေ ကြလိမ့်မည်။ ဧဖရိမ် အမျိုးသည် ယုဒ အမျိုးကို မ ငြူစူ ရ။ ယုဒ အမျိုးလည်း ဧဖရိမ် အမျိုးကို ရန် မ ပြုရ။
Isaiah 32:16ထိုအခါ တော ၌ ကား၊ တရား သဖြင့် စီရင်ခြင်းတည် ၍ ၊ အသီးအနှံ များသော လယ်၌ ကား၊ ဖြောင့်မတ် ခြင်းပါရမီသည် အမြဲနေ ရလိမ့်မည်။
Isaiah 35:9ထို လမ်း၌ ခြင်္သေ့ မ ရှိ ရ။ သားရဲ တကောင်မျှ မ တက် မလာရ။ ရှာ ၍ မ တွေ့ရ။ ရွေးနှုတ် သောသူတို့သာ လျှင် ခရီးသွား ကြလိမ့်မည်။
Isaiah 49:6သင်သည် ယာကုပ် ၏ အမျိုးအနွယ် တို့ကို ချီးမြှောက် ခြင်း၊ ဘေးလွတ် သော ဣသရေလ သားတို့ကို အရင်ကဲ့သို့ဖြစ်စေခြင်းအလိုငှါသာ၊ ငါ့အမှုကို ဆောင်ရွက် သောအမှုသည် သာမညအမှုဖြစ်၏။ ထိုအမှုမက၊ သင်သည် မြေကြီးစွန်းတိုင်အောင်ငါ ၏ ကယ်တင်ခြင်းကို ပြု စိမ့်သောငှါ ၊ သင့် ကို တပါးအမျိုးသား တို့ လင်း စရာဘို့ ငါခန့် ထားသည်ဟု မိန့် တော်မူ၏။