Isaiah 20:6
ထို ကမ်း နားမှာ နေ သောသူများကလည်း ၊ ကြည့် ပါ၊ အာရှုရိ ရှင်ဘုရင် ၏ လက်မှ လွတ် ခြင်းငှါ ငါတို့ မြော်လင့်ရာအရာ၊ ပြေး ၍ခိုလှုံ ရာအရာသည် ထိုသို့ဖြစ်ပါသည် တကား။ ငါ တို့သည် အဘယ် သို့လွတ် နိုင်ပါ မည်နည်းဟု ထို အခါ ဆို ကြလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Job 22:30အပြစ် မကင်းသောသူကိုပင် ကယ်နှုတ် တော်မူလိမ့်မည်။ သင် ပြုသောအမှု သန့်ရှင်း သောအားဖြင့် သူသည်ကယ်တင် ခြင်းသို့ ရောက်လိမ့်မည်ဟုမြွက်ဆို၏။
Isaiah 28:17တရား မှုကို ဆုံးဖြတ်ခြင်း၊ ဖြောင့်မတ် စွာ စီရင်ခြင်း ကို မျဉ်း ကြိုးနှင့် မှန်ထုပ် အားဖြင့်ငါ ပြုမည်။ မိုဃ်းသီး ရွာ၍ ကိုးစား ရာ မုသာ ကို ပယ်ရှား လိမ့်မည်။ ပုန်း ကွယ် ရာအရပ်ကိုလည်း ရေ လွှမ်းမိုး လိမ့်မည်။
Isaiah 30:15ဣသရေလ အမျိုး၏ သန့်ရှင်း တော်မူသောဘုရား၊ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင်တို့ သည် ပြောင်းလဲ ၍ ငြိမ်ဝပ် စွာ နေလျှင်၊ ကယ်တင် ခြင်း သို့ ရောက်ကြလိမ့်မည်။ ငြိမ်ဝပ် စွာနေခြင်း၊ ယုံကြည် ခြင်း အားဖြင့် ခွန်အား အစွမ်းကို ရ ကြလိမ့်မည်။ သင် တို့သည် ထိုသို့သော အလို မ ရှိကြ။
Isaiah 31:3အဲဂုတ္တု ပြည်သားတို့သည် ဘုရား မ ဖြစ်၊ လူ သက်သက်ဖြစ်ကြ၏။ သူ တို့မြင်း သည်လည်း ဝိညာဉ် မ ဖြစ်၊ အသား သက်သက်ဖြစ်၏။ ထာဝရဘုရား သည် လက် တော်ကို ဆန့် တော်မူသောအခါ၊ မစ တတ်သောသူသည် လဲ လိမ့်မည်။ မစ အပ်သောသူလည်း ဆုံး လိမ့်မည်။ အလုံးစုံ တို့သည် အတူ ပျက်စီး ခြင်းသို့ ရောက်ကြလိမ့်မည်။
Jeremiah 47:4အကြောင်း မူကား၊ ဖိလိတ္တိ အမျိုးသားတို့ကို ဖျက်ဆီး ရသောနေ့ ၊ တုရု မြို့၊ ဇိဒုန် မြို့ကို စစ်ကူ နိုင်သောသူ အကျန် အကြွင်းရှိသမျှ ကို ပယ်ဖြတ် ရသောနေ့သည် ရောက် ၍၊ ထာဝရဘုရား သည် ဖိလိတ္တိ အမျိုးသားနှင့် ကျန်ကြွင်း သော ကတ္တောရ ပြည်သားတို့ကို သုတ်သင် ပယ်ရှင်းတော်မူမည်။
1 Thessalonians 5:3ငြိမ်ဝပ် ခြင်းရှိ၏၊ ဘေးအန္တရာယ်နှင့် ကင်းလွတ်၏ဟု ဆိုစဉ်တွင်၊ ကိုယ်ဝန်ဆောင် သော မိန်းမ၌ သားဘွား ခြင်းဝေဒနာ ရောက် သကဲ့သို့ ၊ သူ တို့အပေါ်၌ လျင်မြန် စွာသော ပျက်စီး ခြင်းရောက် ၍ လွတ် ခြင်းအခွင့် မ ရှိရကြ။