The Bible Software
Isaiah · မြန်မာကျမ်းစာ

Isaiah 20

1အာရှုရိ ရှင်ဘုရင် သာဂုန် စေလွှတ် သော ဗိုလ် မင်းတာတန်သည် အာဇုတ် မြို့သို့ စစ် ချီ၍ ၊ ထိုမြို့ ကို လုပ်ကြံ သော နှစ် တွင်၊

2ထာဝရဘုရား က၊ သင်သည်သွား ၍ ခါးစည်း သော လျှော်တေ အဝတ်နှင့် ခြေနင်း ကိုချွတ် လော့ဟု၊ အာမုတ် သား ဟေရှာယ ကို မိန့် တော်မူသည်အတိုင်း၊ သူသည် ပြု ၍ အဝတ် ကို မဝတ်၊ ခြေနင်း ကိုမစီးဘဲ သွား လာလျက်နေ၏။

3ထာဝရဘုရား ကလည်း ၊ ငါ့ ကျွန် ဟေရှာယ သည် အဲဂုတ္တု ပြည်နှင့် ကုရှ ပြည်၌ ပုပ္ပ နိမိတ်၊ အံ့ဘွယ် သော အရာကိုပြခြင်းငှါ၊ သုံး နှစ် ပတ်လုံးအဝတ် ကိုမဝတ်၊ ခြေနင်း ကိုမစီးဘဲ သွား လာသကဲ့သို့၊

4ထိုနည်းတူ ၊ အဲဂုတ္တု လူများကို အရှက် ခွဲခြင်း အလိုငှါ၊ အာရှုရိ ရှင် ဘုရင်သည် အဲဂုတ္တု လူနှင့် ကုရှ လူအကြီး အငယ် တို့အား အဝတ်နှင့် ခြေနင်းကို ချွတ်၍၊ တင်ပါး ကိုမျှ မ ဖုံးစေဘဲ၊ ဘမ်းဆီး ချုပ်ထားသိမ်း သွား လိမ့်မည်။

5အာဇုတ်မြို့သားတို့သည် ကြောက် ကြလိမ့်မည်။ သူ တို့ ကိုးစား သော ကုရှ ပြည်ကို၎င်း ၊ ဝါကြွား သော အဲဂုတ္တု ပြည်ကို၎င်းရှက် ကြလိမ့်မည်။

6ထို ကမ်း နားမှာ နေ သောသူများကလည်း ၊ ကြည့် ပါ၊ အာရှုရိ ရှင်ဘုရင် ၏ လက်မှ လွတ် ခြင်းငှါ ငါတို့ မြော်လင့်ရာအရာ၊ ပြေး ၍ခိုလှုံ ရာအရာသည် ထိုသို့ဖြစ်ပါသည် တကား။ ငါ တို့သည် အဘယ် သို့လွတ် နိုင်ပါ မည်နည်းဟု ထို အခါ ဆို ကြလိမ့်မည်။

← Isaiah 19Read In The App, Free →Isaiah 21 →

Study Isaiah 20

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142434445464748495051525354555657585960616263646566