Isaiah 22:11
ရေကန် ဟောင်း မှထွက်သော ရေ စုဝေးရာကို လည်း၊ မြို့ရိုး နှစ်ထပ်စပ်ကြား တွင် လုပ် ကြလိမ့်မည်။ သို့ရာတွင် ၊ ဤအမှု ကို စီရင် တော်မူသောသူကို သင်တို့သည် မ ကြည့် မမှတ် တတ်ကြ။ ရှေး က ဖန်ဆင်း တော်မူသောသူကို ပမာဏ မ ပြု တတ်ကြ။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
2 Kings 20:20ဟေဇကိ ပြုမူသော အမှု အရာ ကြွင်း လေသမျှ တို့ နှင့် တန်ခိုး ကြီးခြင်း၊ ရေကန် နှင့် ရေပြွန် ကို လုပ် ၍ မြို့ ထဲသို့ ရေ ကို ဆောင် ခြင်းအရာတို့သည် ယုဒ ရာဇဝင် ၌ ရေးထား လျက်ရှိ၏
2 Chronicles 6:6ရှင်ဘုရင်ကလည်း၊ ထာဝရဘုရား၏ ဗျာဒိတ် တော်စကားဟူမူကား၊ ငါ ၏လူ ဣသရေလအမျိုးသားတို့ကို အဲဂုတ္တု ပြည် မှ နှုတ်ဆောင် သော နေ့ က စ၍၊ ငါ့ နာမ တည် ရာ အိမ် ကို ဆောက် စေခြင်းငှါ ၊ ဣသရေလ ခရိုင် များတို့တွင် မြို့ တစုံတမြို့ကို ငါမ ရွေး ၊ ငါ ၏လူ ဣသရေလ အမျိုးသားတို့ကို အုပ်စိုး ရသောသူကိုလည်း ငါမ ရွေး သေး။ ယခုမူကား၊ ငါ့ နာမ တည် ရာ ယေရုရှလင် မြို့ကို ၎င်း၊ ငါ ၏လူ ဣသရေလ အမျိုးသားတို့ကို အုပ်စိုး စေခြင်းငှါ ဒါဝိဒ် ကို ၎င်း၊ ငါရွေး ပြီဟု ငါ့ ခမည်းတော် ဒါဝိဒ် အား ဗျာဒိတ် တော်ရှိသည်အတိုင်း၊ ပြုတော်မူသောဣသရေလ အမျိုး ၏ဘုရားသခင် ထာဝရဘုရား သည် မင်္ဂလာ ရှိတော်မူစေ သတည်း။
2 Chronicles 32:3မြို့ ပြင် ၌ ရှိသော စမ်း ရေ ကိုဖြတ် ခြင်းငှါ မှူးမတ် ၊ စစ်သူကြီး တို့နှင့် တိုင်ပင် ၍။သူ တို့သည် ဝိုင်း လုပ်ကြ၏။
Isaiah 7:3ထိုအခါ ထာဝရဘုရား သည် ဟေရှာယ ကို မိန့် တော်မူသည်ကား၊ သင်သည်သင် ၏သား ရှာယာရှုပ် နှင့် အတူသွား၍၊ ခဝါသည် ၏ လယ် နားမှာ ရှောက်သော လမ်း ၊ အထက် ရေကန် ပြွန် ဝ ၌ အာခတ် မင်းကို ကြိုဆို ၍ တွေ့လျှင်၊ ဆင့် ဆိုရမည်မှာ၊
Isaiah 17:7ထို ကာလ ၌ လူသည်မိမိ ကို ဖန်ဆင်း တော်မူသော အရှင်ကို ရည်မှတ် ၍၊ ဣသရေလ အမျိုး၌ သန့်ရှင်း တော်မူသောဘုရားကို ဖူး မျှော်ရလိမ့်မည်။
Isaiah 37:26ငါသည်အထက်က ဤအမှုကို စီရင်ကြောင်းနှင့်၊ ရှေး ကာလ၌ ပြုပြင် ကြောင်းကို သင်သည်မ ကြား သလော။ ယခု မှာလည်း သင်သည် ခိုင်ခံ့ သောမြို့ တို့ကို ဖျက်ဆီး ၍၊ ကျောက် ပုံ ဖြစ် စေသောသူဖြစ် မည် အကြောင်း ငါစီရင် ခန့်ထားလေပြီ။