Isaiah 24:16
သန့်ရှင်း တော်မူသောသူသည် ဘုန်းကြီး တော်မူစေသတည်းဟု မြေကြီး စွန်း မှ သီချင်း ဆိုသံကို ငါတို့သည် ကြား ရ၏။ ငါမူကား ၊ အလွန်ဆင်းရဲ ၏။ အလွန်ဆင်းရဲ ၏။ အမင်္ဂလာ ရှိ၏။ လုယက် သောသူတို့သည် လုယက် လျက် နေကြ၏။ လုယက် သောသူတို့သည် ကြမ်းတမ်းစွာ လုယက် ကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
17အိုပြည် သား ၊ သင် သည် ကြောက်လန့် ဘွယ် သောအရာ မြေတွင်း ၊ ကျော့ကွင်း ထဲသို့ ရောက်လေပြီ။
Cross References
Psalms 2:8ငါ့ ကိုတောင်း လော့။ လူ အမျိုးမျိုးတို့ကို သင် ၏ အမွေ ဥစ္စာဘို့ ငါပေး မည်။ မြေကြီး စွန်း တိုင်အောင်ပိုင် ထိုက်သော အခွင့်ကိုလည်း ငါပေးမည်။
Psalms 58:10ဖြောင့်မတ် သောသူသည် ထိုသို့သောဒဏ် ပေး ခြင်းကို မြင် ၍ ဝမ်းမြောက် ပါလိမ့်မည်။
Psalms 72:8ပင်လယ် တပါးမှ တပါး တိုင်အောင် ၎င်း ၊ မြစ် မှ သည် မြေ စွန်း တိုင်အောင် ၎င်း အစိုးရ တော်မူ လိမ့်မည်။
Psalms 106:15သူ တို့တောင်း သော ဆုကို ပေး တော်မူ၏။ သို့သော်လည်း ၊ သူ တို့၌ ပိန်ကြုံ ခြင်းကို သွင်း ပေး တော်မူ၏။
Isaiah 6:5ငါကလည်း၊ ငါ ၌ အမင်္ဂလာ ရှိ၏။ ငါအကျိုးနည်း ပြီ။ အကြောင်း မူကား၊ ငါ သည်ညစ်ညူး သော နှုတ်ခမ်း ရှိ လျက် ၊ ညစ်ညူး သောနှုတ်ခမ်း ရှိသောလူမျိုး တွင် နေ လျက် နှင့်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရ ဘုရားတည်း ဟူသောရှင် ဘုရင်ကို၊ ကိုယ် မျက်စိ နှင့်မြင် လေပြီတကားဟု ဆို ၏။
Isaiah 17:4ထိုကာလ ၌ ယာကုပ် အမျိုး၏ ဘုန်း သည် လျော့ ၍ ၊ ဆူဝ ခြင်းလည်း ပိန့် ကြုံခြင်းဖြစ်ရလိမ့်မည်။