Isaiah 27:13
ထို ကာလ ၌ လည်း ၊ ကြီး သောတံပိုး ကို မှုတ် ရ လိမ့်မည်။ အာရှုရိ ပြည် ၌ ပျောက် သောသူ၊ အဲဂုတ္တု ပြည် ၌ စွန့်ပစ် လျက်နေသောသူတို့သည်လာ ၍ ၊ ယေရုရှလင် မြို့တွင် ၊ သန့်ရှင်း သော တောင် ပေါ် မှာ ထာဝရဘုရား ရှေ့ တော်၌ ဝတ်ပြု ၍ ကိုးကွယ် ကြလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Numbers 10:2သင်သည် ပရိသတ် စည်းဝေး စေခြင်းငှါ ၎င်း ၊ တပ် တို့ကို ချီ စေခြင်းငှါ ၎င်း၊ မှုတ်ရသောငွေ တံပိုး နှစ် လုံး ကို၊ တလုံးလျှင် ငွေတတုံးစီဖြင့်မဆက်ဘဲလုပ် ရမည်။
1 Chronicles 15:24ယဇ်ပုရောဟိတ် ရှေဗနိ ၊ ယောရှဖတ် ၊ နာသနေလ ၊ အာမသဲ ၊ ဇာခရိ ၊ ဗေနာယ ၊ ဧလျေဇာ တို့သည် ဘုရားသခင် ၏ သေတ္တာ တော်ရှေ့ မှာ တံပိုး မှုတ် ရကြ၏။ ဩဗဒေဒုံ နှင့် ယေဟိ သည်လည်း သေတ္တာ တော်တံခါးစောင့် ဖြစ်၏။
Psalms 81:3လဆန်း နေ့၊ လပြည့် နေ့၊ ပွဲသဘင် နေ့ ၌ တံပိုး မှုတ်ကြ။
Isaiah 2:3များပြား သောသူ တို့ကလည်း ၊ လာ ကြလော့။ ထာဝရဘုရား ၏တောင် တော်၊ ယာကုပ် အမျိုး၏ ဘုရား သခင့်အိမ် တော်သို့ တက် သွားကြကုန်အံ့။ လမ်းခရီး တော် တို့ကို ပြသ သွန်သင်တော်မူ၍ ၊ ငါတို့သည် ခြေ တော်ရာသို့ လိုက်သွား ကြမည်ဟု ခရီးသွားလျက် ပြောဆို ကြလိမ့်မည်။ တရား တော်သည် ဇိအုန် တောင်မှ ၎င်း၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ယေရုရှလင် မြို့မှ ၎င်း၊ ပေါ် ထွက်လိမ့်မည်။
Isaiah 11:11ထို ကာလ ၌ ထာဝရဘုရား သည် လက် တော်ကို ဆန့်၍၊ ကျန် ကြွင်းသော ကိုယ်တော် ၏ လူ တို့ကိုအာရှုရိ ပြည်၊ အဲဂုတ္တု ပြည်၊ ပါသရု ပြည်၊ ကုရှ ပြည်၊ ဧလံ ပြည်၊ ရှိနာ ပြည်၊ ဟာမတ် ပြည်၊ ပင်လယ် တဘက်၌ရှိသောပြည် များတို့မှ ကယ် ယူခြင်းငှါ တဖန် ပြု တော်မူလိမ့်မည်။
Isaiah 11:16ဣသရေလ အမျိုးသားတို့သည် အဲဂုတ္တု ပြည် မှ ထွက် သွားသောအခါ၌ ဖြစ်သကဲ့သို့ ၊ အာရှုရိ ပြည်မှ ကျန် ကြွင်းသော ကိုယ်တော် ၏လူ တို့သွားရာလမ်း ကြီးဖြစ် ရလိမ့်မည်။