Isaiah 27:6
နောင်ကာလ၌ ယာကုပ် သည် အမြစ် ကျလိမ့်မည်။ ဣသရေလ သည် စိမ်း လန်း၍ အဖူး အငုံ ထွက်သဖြင့် ၊ လောကီ နိုင်ငံကို အသီး နှင့် ပြည့် စေလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
5သို့မဟုတ် ငါ ၏အစွမ်း သတ္တိကို ကိုးစား ၍၊ ငါ နှင့် မိဿဟာယ ဖွဲ့ ကြစေ။ ငါ နှင့် မိဿဟာယ ဖွဲ့ ကြစေသော။
Cross References
Isaiah 6:13ထိုပြည်၌ ဆယ် ဘို့တွင်တဘို့ ကြွင်းသေးသော်လည်း ၊ ထိုအကြွင်းသည် အထပ်ထပ် ဖျက်ဆီး ခြင်းကို ခံ ရ လိမ့်မည်။ သို့ရာတွင်၊ ထင်းရူး ပင်နှင့် သပိတ် ပင်တို့ကို ခုတ်လှဲ ၍၊ သစ်ငုတ် သည် ကြွင်းသကဲ့သို့ ၊ သန့်ရှင်း သော အနွယ် သည် ထိုပြည်၌ အငုတ် ဖြစ်လိမ့်မည်ဟု မိန့် တော်မူ ၏။
Isaiah 49:20သင်၏သားများဆုံးပြီးမှ၊ တဖန်ရပြန် သော သား တို့က၊ နေရာ မ လောက်ပါ။ နေ စရာ အရပ်ကိုပေး ပါ ဟု သင့် အား တောင်း ကြလေဦးမည်။
Isaiah 60:22သူငယ် တယောက်သည် လူတထောင် ဖြစ် ရ လိမ့်မည်။ အားနည်း သော သူတယောက်သည် အားကြီး သော လူမျိုး ဖြစ်ရလိမ့်မည်။ ငါ ထာဝရဘုရား သည် အချိန် ရောက်လျှင် ထိုအမှုကို နှိုးဆော် မည်။
Hosea 2:23ထိုသတို့သမီးကိုမျိုးစေ့ကဲ့သို့မြေ ၌ ကိုယ် အဘို့ ငါကြဲ မည်။ မ သနား မစုံမက်အပ်သော သတို့သမီးကို ငါသနား စုံမက်မည်။ ငါ၏ လူ မဟုတ်သော သူကိုလည်း၊ သင်သည်ငါ ၏လူ ဖြစ်သည်ဟု ငါဆို မည်။ သူ ကလည်း ကိုယ်တော် သည် အကျွန်ုပ် ၏ ဘုရား သခင်ဖြစ်တော်မူ သည်ဟု၊ လျှောက် လိမ့်မည်ဟုမိန့်တော်မူ၏။
Hosea 14:6အညွှန့် တို့သည် ပြန့်ပွါး ၍ ၊ သံလွင် ပင်ကဲ့သို့ အသရေ တင့်တယ် လိမ့်မည်။ လေဗနုန် တောကဲ့သို့ မွှေးကြိုင် လိမ့်မည်။
Zechariah 10:8သူ တို့ကို ငါနှိုးဆော် ၍ စုဝေး စေမည်။ သူ တို့သည် ငါ၏ရွေးနှုတ် ခြင်းကို ခံရသောအားဖြင့်၊ အရင်များပြား သကဲ့သို့ တဖန် များပြား ကြလိမ့်မည်။