Isaiah 28:13
ထို့ကြောင့် ၊ သူတို့သည် သွား ရာတွင်၊ လှန် ဆုတ် ၍ ကျိုး ပဲ့ကျော့မိ ဘမ်းဆီး ခြင်းသို့ ရောက်မည်အကြောင်း ၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် သူတို့၌ ပညတ် တခုပေါ် မှာတခု၊ တခုပေါ်မှာတခု၊ တနည်းပေါ်မှာ တနည်း၊ တနည်းပေါ်မှာ တနည်း၊ သည် ဘက်မှာ အနည်းငယ် ၊ ဟို ဘက်မှာ အနည်းငယ် ဖြစ်ရလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Psalms 69:22သူ တို့စားပွဲ သည် သူ တို့ရှေ့ မှာ ကျော့ကွင်း သော် ၎င်း၊ ခံ ထိုက်သောအပြစ်သော် ၎င်း၊ ထောင် ချောက်သော် ၎င်း ဖြစ် ပါစေ။
Isaiah 6:10သူ တို့မျက်စိ မမြင်၊ နားမကြား၊ စိတ် နှလုံးမသိ၊ အကျင့်မပြောင်းလဲ ၊ သူတို့အနာရောဂါကို ငါမငြိမ်းစေရ သည်တိုင်အောင်၊ သူတို့စိတ် နှလုံးကို မိုက် စေလော့။ သူ တို့ နား ကိုလည်း ထိုင်း စေလော့။ သူ တို့မျက်စိ ကိုလည်း ပိတ် လော့ဟု မိန့် တော်မူ၏။
Isaiah 8:15ထိုသူ အများ တို့သည် ထိမိ ၍ တိမ်းလဲ ကျိုးပဲ့ ခြင်း၊ ကျော့မိ ဘမ်းဆီး ခြင်းသို့ ရောက်ကြလိမ့်မည်။
Jeremiah 23:36ထာဝရဘုရား ၏ ဗျာဒိတ် တော်ရှိသည်ဟူ၍နောက် တဖန် မ ဆို ရ။ လူ တိုင်းမိမိ စကား မှတပါး အခြား သောဗျာဒိတ် တော်မရှိရ။ အကြောင်းမူကား၊ သင်တို့သည် အသက်ရှင် တော်မူသောဘုရား ၊ ငါ တို့၏ ဘုရား သခင်တည်းဟူသောကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရ ဘုရား ၏ စကား တော်ကို ဖျက် ကြပြီ။
Hosea 8:12ငါ့ တရား ၏ ထူးဆန်း သောအရာတို့ကို သူ့ အဘို့ ငါရေး ထားပြီ။ သို့သော်လည်း၊ ရိုင်း သော အရာဟူ၍ သူသည် မှတ် လေပြီတကား။
Matthew 21:44အကြင်သူ သည် ထို ကျောက် အပေါ်သို့ ကျ ၏။ ထိုသူသည် ကျိုး လတံ့၊ အကြင်သူ ၏အပေါ်သို့ ထို ကျောက်သည်ကျ ၏၊ ထိုသူ သည် ညက်ညက် ကြေလတံ့ ဟု မိန့် တော်မူ၏။