The Bible Software
Isaiah · မြန်မာကျမ်းစာ

Isaiah 28

1စပျစ် ရည်နှင့် ယစ်မူးသောသူတို့၏ နေရာကြွယ်ဝ သော ချိုင့် ဦး တွင် ၊ ဧဖရိမ် အမျိုး သေ သောက်ကြူးတို့၏ မာန သရဖူ နှင့်၊ သူ တို့၌ ညှိုးနွမ်း တတ်သော ဘုန်း အသရေ၏ ပန်း ပွင့်သည် အမင်္ဂလာ ရှိ၏။

2ထာဝရ ဘုရား၌ ခွန်အား တန်ခိုးကြီး သောသူသည်၊ မိုဃ်းသီး ပါလျက် ဖျက်ဆီး သော မိုဃ်း သက်မုန်တိုင်း ကဲ့သို့ ၎င်း၊ ပြင်း စွာထ၍ လွှမ်းမိုး သော ရေကြီးကဲ့သို့၎င်း၊ မြေ တိုင်အောင် ပြင်းစွာချ ပစ်လိမ့်မည်။

3ဧဖရိမ်အမျိုး သေသောက်ကြူးတို့၏ မာနသရဖူ သည်၊ ကျော်နင်းခြင်းကိုခံရလိမ့်မည်။

4ကြွယ်ဝ သော ချိုင့် ဦး တွင် ၊ သူ တို့၌ ညှိုးနွမ်း တတ် သော ဘုန်း အသရေ ၏ ပန်း ပွင့်သည်၊ နွေ ကာလ မ စေ့မှီ အလျင် သီးသောအသီး ကဲ့သို့ ဖြစ် လိမ့်မည်။ ထိုအသီးကို မြင် သောသူသည် မြင် လျက်၊ လက်နှင့် ကိုင် လျက် ပင်စား တတ်၏။

5ထို ကာလ ၌ လည်း၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည်၊ ကျန် ကြွင်းသော မိမိ လူ တို့၌ ဘုန်း ရှိ သောသရဖူ ၊ အသရေ တင့်တယ်သော ဦးရစ် ဖြစ် တော်မူလိမ့်မည်။

6တရား မှုကို စီရင်သောသူ တို့အား တရား စီရင်သော ဉာဏ် ကို၎င်း၊ ရန်သူမျိုး တံခါး တိုင်အောင်စစ်မှု ကို လှန် သောသူတို့အား၊ ခွန်အား ဗလကို၎င်း ပေးတော်မူလိမ့်မည်။

7သို့ သော်လည်း၊ ထို သူတို့သည် စပျစ်ရည် ကြောင့် မှားယွင်း ကြပြီ။ သေရည် သေရက်ကြောင့် လမ်း လွဲကြပြီ။ ယဇ်ပုရောဟိတ် နှင့် ပရောဖက် တို့သည် သေရည် သေရက် ကြောင့် မှားယွင်း ကြပြီ။ စပျစ်ရည် နှင့် မွှန် ကြပြီ။ သေရည် သေရက်ကြောင့် လမ်း လွဲကြပြီ။ ဗျာဒိတ် ခံသည် အရာ၌ မှားယွင်း လျက်၊ တရားစီရင် သည်အရာ၌ ထိမိ၍ လဲ လျက်နေကြ၏။

8သူတို့စားပွဲ ရှိသမျှ တို့သည်၊ လွတ်လပ် ရာမ ရှိ သည်တိုင်အောင်၊ အန်ဖတ် နှင့်၎င်း၊ အညစ် အကြေးနှင့်၎င်း ပြည့် လျက်ရှိကြ၏။

9သူတို့က၊ အဘယ်သူ ကို ပညာ သွန်သင် ချင်သနည်း။ အဘယ်သူ ကို တရား နားလည် စေချင်သနည်း။ ငါတို့ သည် နို့ နှင့် ကွာ စရှိသောသူ၊ အမိသားမြတ် နှင့် အနိုင် ကွာ ရသောသူဖြစ်ကြသလော။

10ပညတ် တခုပေါ် မှာ တခု၊ တခုပေါ် မှာ တခု၊ တနည်းပေါ်မှာ တနည်း၊ တနည်းပေါ်မှာ တနည်း၊ သည် ဘက်မှာ အနည်းငယ်၊ ဟိုဘက် မှာ အနည်းငယ် ရှိပါသည် တကားဟု ဆိုကြ၏။

11အကယ်စင်စစ်၊ စကားမပြီသော နှုတ် ၊ ရိုင်း သောလျှာနှင့် ဤ လူမျိုး ကို မိန့် တော်မူလိမ့်မည်။

12ဤသို့ပြုလျှင်ငြိမ်ဝပ် လိမ့်မည်။ ပင်ပန်း သောသူတို့ သည် ငြိမ်ဝပ် ကြစေ။ ဤသို့ပြုလျှင်သက်သာ လိမ့်မည်ဟု မိန့် တော်မူသော်လည်း ၊ သူတို့သည်နား မ ထောင်ကြ။

13ထို့ကြောင့် ၊ သူတို့သည် သွား ရာတွင်၊ လှန် ဆုတ် ၍ ကျိုး ပဲ့ကျော့မိ ဘမ်းဆီး ခြင်းသို့ ရောက်မည်အကြောင်း ၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် သူတို့၌ ပညတ် တခုပေါ် မှာတခု၊ တခုပေါ်မှာတခု၊ တနည်းပေါ်မှာ တနည်း၊ တနည်းပေါ်မှာ တနည်း၊ သည် ဘက်မှာ အနည်းငယ် ၊ ဟို ဘက်မှာ အနည်းငယ် ဖြစ်ရလိမ့်မည်။

14သို့ဖြစ်၍၊ ဆဲရေး တတ်သော ယေရုရှလင် မြို့ သား အကြီး အကြပ်တို့၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော် ကို နားထောင် ကြလော့။

15သင်တို့က၊ ငါတို့သည် သေ မင်းနှင့် မိဿဟာယ ဖွဲ့ ကြပြီ။ မရဏာ နိုင်ငံနှင့် အကျွမ်းဝင်ကြပြီ။ လွှမ်းမိုး သော ဘေး သည် ချင်းနင်းသောအခါ ၊ ငါ တို့ရှိရာသို့ မ ရောက်ရ။ ငါတို့သည် မုသာ ကိုကိုးစားကြ၏။ လှည့်စားခြင်းအောက် ၌ ပုန်းကွယ်၍ နေကြ၏ဟုဆိုတတ်သောကြောင့်၊

16အရှင် ထာဝရ ဘုရားက၊ စုံစမ်း သော အမြစ် ကျောက် တည်းဟူသော၊ မလှုပ်နိုင်အောင် မြဲမြံသော တိုက်ထောင့်အမြစ် ကျောက် မြတ် ကို ဇိအုန် တောင်ပေါ် မှာ ငါ ချ ထား၏။ ထိုကျောက်ကို အမှီပြု သောသူသည် ပြေး ရ သောအကြောင်းမ ရှိ။

17တရား မှုကို ဆုံးဖြတ်ခြင်း၊ ဖြောင့်မတ် စွာ စီရင်ခြင်း ကို မျဉ်း ကြိုးနှင့် မှန်ထုပ် အားဖြင့်ငါ ပြုမည်။ မိုဃ်းသီး ရွာ၍ ကိုးစား ရာ မုသာ ကို ပယ်ရှား လိမ့်မည်။ ပုန်း ကွယ် ရာအရပ်ကိုလည်း ရေ လွှမ်းမိုး လိမ့်မည်။

18သင် တို့သည် သေ မင်းနှင့် ဖွဲ့သော မိဿဟာယ ပျက် လိမ့်မည်။ မရဏာ နိုင်ငံနှင့် အကျွမ်းဝင် ခြင်းသည် အထ မ မြောက်ရ။ လွှမ်းမိုး သောဘေး သည် ချင်းနင်း သောအခါ ၊ သင် တို့ကိုလည်း ကျော်နင်း လိမ့်မည်။

19ချင်းနင်းစဉ်တွင်ပါ သွားလိမ့်မည်။ နံနက် အချိန် ရောက်မြဲ အစဉ်အတိုင်း၊ နေ့ ညဉ့် မပြတ် ချင်း နင်းသည် ဖြစ်၍ ၊ သိတင်း ကြား ကာမျှ အားဖြင့်ထိတ်လန့် ခြင်းအကြောင်း ရှိ လိမ့်မည်။

20ခုတင် သည် ကိုယ်မဆန့် လောက် အောင်တို ၏။ စောင် သည်လည်း မခြုံ လောက်အောင်ငယ် ၏။

21ထာဝရဘုရား သည် အမှု တော်တည်းဟူသော၊ ထူးခြား သော အမှု တော်ကို ပြု ခြင်းငှါ ၎င်း၊ အလုပ် တော် တည်းဟူသော၊ လုပ် မြဲမဟုတ်သော အလုပ် တော်ကို လက်စ သတ်ခြင်းငှါ ၎င်း၊ ပေရဇိမ် တောင် ပေါ်မှာ ပြုသကဲ့သို့ ထ တော်မူမည်။ ဂိဗောင် ချိုင့် ထဲမှာ ရှိသကဲ့သို့ အမျက် ထွက်တော်မူမည်။

22ယခု မှာ သင်တို့သည် သာ၍ပြင်းစွာ သော ဆုံးမ ခြင်းနှင့် လွတ်မည်အကြောင်း၊ နောက်တဖန် ဆဲရေး ခြင်း ကို မ ပြုကြနှင့်။ ပြည် တပြည်လုံး ၌ အနှံ့အပြားစီရင် ဆုံးဖြတ် သော သုတ်သင် ပယ်ရှင်းခြင်း ရှိလိမ့်မည်ဟု ကောင်းကင် ဗိုလ်ခြေ သခင် အရှင်ထာဝရဘုရား ထံ တော်၌ ငါ ကြား ရပြီ။

23ငါ ပြော သံကိုကြား ၍ မှတ် ကြလော့။ ငါ့ စကား ကို စေ့စေ့နားထောင် နာယူ ကြလော့။

24လယ်လုပ် သောသူသည် မျိုးစေ့ကို ကြဲ ခြင်းငှါ ၊ မြေကိုဆွ လျက် ၊ မြေစိုင် ကို ချေ လျက်အစဉ် လယ်ထွန် တတ်သလော။

25လယ် မျက်နှာ ကို ညှိ ပြီးမှ စမုန်နက် မျိုးစေ့၊ ဇီယာ မျိုးစေ့ကို ကြဲ သည်မ ဟုတ်လော။ ဂျုံ စပါးမျိုးစေ့ကို အတန်း တန်းစိုက် ၍ ၊ မုယော စပါးနှင့် ကောက် စပါးမျိုးစေ့အသီးအသီး တို့ကို သူ တို့အရပ် ၌ ကြဲ သည်မဟုတ်လော။

26အကြောင်းမူကား၊ သူ ၏ဘုရား သခင်သည် စီရင် တတ်သော ဉာဏ် ကိုပေး တော်မူ၏။ သူ့ ကိုလည်း သွန်သင် တော်မူ၏။

27စမုန် နက် မျိုးစေ့ကိုလည်း ပျဉ်ပြားနှင့် မ နယ် တတ်။ ဇီယာ စေ့ပေါ် ၌လည်း လှည်း ဘီး ကို မလှိမ့် တတ်။ စမုန်နက် စေ့ကို တုတ် နှင့် ၎င်း ၊ ဇီယာ စေ့ကို ကြိမ်လုံး နှင့် ၎င်း ရိုက် တတ်၏။

28ဂျုံ စပါးကိုကား နယ် တတ်၏။ သို့သော်လည်း၊ အစဉ် နယ် တတ်သည်မ ဟုတ်။ လှည်း ဘီး နှင့် မြင်း တို့ကို နှင် သော်လည်း ၊ စပါး ကို ညက် စေတတ်သည်မဟုတ်။

29ထို အမှုသည်လည်း ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား အကြံပေးတော်မူသောအမှုတည်း။ အကြံ ပေးတော်မူခြင်းသည် အံ့ဩ ဘွယ်ဖြစ်၏။ ဉာဏ် တော် သည်လည်း ထူးဆန်း ပေ၏။

← Isaiah 27Read In The App, Free →Isaiah 29 →

Study Isaiah 28

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142434445464748495051525354555657585960616263646566