Isaiah 6:10
သူ တို့မျက်စိ မမြင်၊ နားမကြား၊ စိတ် နှလုံးမသိ၊ အကျင့်မပြောင်းလဲ ၊ သူတို့အနာရောဂါကို ငါမငြိမ်းစေရ သည်တိုင်အောင်၊ သူတို့စိတ် နှလုံးကို မိုက် စေလော့။ သူ တို့ နား ကိုလည်း ထိုင်း စေလော့။ သူ တို့မျက်စိ ကိုလည်း ပိတ် လော့ဟု မိန့် တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Exodus 7:3ငါ သည်လည်း ဖါရော မင်း၏ နှလုံး ကို ခိုင်မာ စေ၍ ၊ အဲဂုတ္တု ပြည် ၌ ငါ ၏နိမိတ် လက္ခဏာ အံ့ဘွယ် သော အမှုတို့ကို များပြား စေမည်။
Exodus 11:10မောရှေ နှင့် အာရုန် တို့သည် ဖာရော ဘုရင်ရှေ့မှာ ဤ အံ့ဘွယ် သော အမှုအလုံးစုံ တို့ကို ပြု သော်လည်း ၊ ထာဝရဘုရား သည် ဖာရော ဘုရင်၏ နှလုံး ကို ခိုင်မာ စေတော်မူသဖြင့် ၊ ဣသရေလ အမျိုးသား တို့ကို ပြည် တော်မှ ထွက်သွားရသောအခွင့် ကို မ ပေးဘဲ နေသတည်း။
Deuteronomy 2:30ကျွန်ုပ် တို့ ရှောက်သွား ရသောအခွင့် ကို ဟေရှဘုန် ရှင်ဘုရင် ရှိဟုန် မင်းသည် မ ပေး။ အကြောင်း မူကား၊ ယနေ့ ထင်ရှားသည်အတိုင်း၊ သင် တို့၏ ဘုရား သခင်ထာဝရဘုရား သည် ထိုမင်း ကို သင် တို့လက် ၌ အပ် ခြင်းငှါ ၊ ခက်ထန် သောစိတ် သဘော၊ ခိုင်မာ သောနှလုံးကို သူ ၌ ပေးသွင်းတော်မူ၏။
Deuteronomy 32:15သို့ရာတွင် ၊ ယေရှုရုန် သည် ဆူဝ ၍ ခြေ နှင့်ကန် လေ၏။ ဆူဝ လျက်၊ တုတ် လျက်၊ ဆီဥ နှင့်ပြည့်စုံလျက် နေသဖြင့် ၊ ဖန်ဆင်း တော်မူသောဘုရားသခင် ကို စွန့် ၍ ၊ ကယ်တင် ရာကျောက် ကို မထီမဲ့မြင် ပြုလေ၏။
Psalms 119:70သူ တို့နှလုံး သည် ဆီဥ ကဲ့သို့ ခဲ လျက်ရှိ၏။ အကျွန်ုပ် မူကား၊ ကိုယ်တော် ၏တရား ၌ မွေ့လျော် ပါ၏။
Ecclesiastes 3:3သတ် ရသောအချိန် နှင့် အနာ ပျောက်စေရသော အချိန် လည်း ရှိ၏။ ဖြိုဖျက် ရသောအချိန် နှင့် တည်ဆောက် ရသောအချိန် လည်း ရှိ၏။