Isaiah 28:21
ထာဝရဘုရား သည် အမှု တော်တည်းဟူသော၊ ထူးခြား သော အမှု တော်ကို ပြု ခြင်းငှါ ၎င်း၊ အလုပ် တော် တည်းဟူသော၊ လုပ် မြဲမဟုတ်သော အလုပ် တော်ကို လက်စ သတ်ခြင်းငှါ ၎င်း၊ ပေရဇိမ် တောင် ပေါ်မှာ ပြုသကဲ့သို့ ထ တော်မူမည်။ ဂိဗောင် ချိုင့် ထဲမှာ ရှိသကဲ့သို့ အမျက် ထွက်တော်မူမည်။
မြန်မာကျမ်းစာ
In The King James Version
In Context
20ခုတင် သည် ကိုယ်မဆန့် လောက် အောင်တို ၏။ စောင် သည်လည်း မခြုံ လောက်အောင်ငယ် ၏။
Cross References
Deuteronomy 29:21ဤ ပညတ္တိ ကျမ်းစာ ၌ ရေးထား သော ပဋိညာဉ် အမင်္ဂလာ ရှိသမျှ တို့နှင့်အညီ ၊ ထိုသူကို ဣသရေလ အမျိုးအနွယ် အပေါင်း တို့ထဲက ၊ ထာဝရဘုရား နှုတ်၍ အပြစ် ပေးဘို့ရာ ခွဲထား တော်မူလိမ့်မည်။
Joshua 10:11ထိုသူ တို့သည် ဣသရေလ လူတို့ရှေ့ မှာ ပြေး ၍ ဗေသောရုန် မြို့သို့ ဆင်း သွားရာတွင် ၊ ထာဝရဘုရား သည် မိုဃ်းကောင်းကင် မှ ကြီးစွာ သော မိုဃ်းသီး ကို အဇေကာ မြို့တိုင်အောင် သူ တို့အပေါ် ၌ ချ တော်မူ၍၊ သူတို့သည် ဣသရေလ လူတို့၏ ထား ကြောင့် သေ သည်ထက် မိုဃ်းသီး ကြောင့် သာ ၍သေ ကြ၏။
2 Samuel 5:20ဒါဝိဒ် သည် ဗာလပေရဇိမ် မြို့သို့ သွား ၍ သူ တို့ကိုလုပ်ကြံ ပြီးမှ ၊ ထာဝရဘုရား သည် ရေ ထ၍ ဖြိုဖျက် သကဲ့သို့ ၊ ငါ့ ရန်သူ တို့ကို ငါ့ ရှေ့ မှာ ဖြိုဖျက် တော်မူပြီဟုဆို လျက်၊ ထို အရပ် ကို ဗာလပေရဇိမ် အမည် ဖြင့် တွင်စေသတည်း။
1 Chronicles 14:11ဒါဝိဒ် သည် ဗာလပေရဇိမ် မြို့သို့ သွား ၍ သူ တို့ကို လုပ်ကြံ ပြီးမှ ၊ ဘုရားသခင် သည် ရေ ထ၍ဖြိုဖျက် သကဲ့သို့ ငါ့ ရန်သူ တို့ကို ငါ့ အားဖြင့် ဖြိုဖျက် တော်မူပြီဟုဆို လျက်၊ ထို အရပ် ကို ဗာလပေရဇိမ် အမည် ဖြင့် တွင် စေသတည်း။
Isaiah 10:12သို့သော်လည်း၊ ထာဝရ ဘုရားသည် ဇိအုန် တောင် နှင့် ယေရုရှလင် မြို့၌ အမှုတော် ကို လက်စသတ် တော်မူပြီးမှ ၊ အာရှုရိ ရှင်ဘုရင် ၏ မာန ထောင်လွှားခြင်း၊ မော် သော မျက်နှာ နှင့် စော်ကား ခြင်းကို ငါကြည့်ရှု၍ စီရင် မည်။
Isaiah 29:14ထိုကြောင့်၊ အံ့ဩ ကြောက်မက်ဘွယ်သောအမှု ကို ဤ လူမျိုး တွင် တဖန် ငါ ပြုဦးမည်။ သူ တို့တွင် ပညာရှိ တို့၏ ပညာ သည် ပျက်စီး လိမ့်မည်။ ဉာဏ် ကောင်းသောသူတို့ ၏ ဉာဏ် လည်း ကွယ် ပျောက်လိမ့်မည်ဟု မိန့် တော်မူ ၏။