Isaiah 29:20
အကြောင်း မူကား၊ ကြောက်မက် ဘွယ်သောသူသည် ဆုံးရှုံး ရ၏။ ဆဲရေး သောသူသည် ပျောက် ကုန်ရ၏။ သူ့အပြစ် ကို ချောင်းမြောင်း သောသူ၊
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Isaiah 13:3ငါ သန့်ရှင်း စေသောသူတို့ ကို ငါ မှာ ထားပြီ။ ငါ ပေးသောဘုန်း အာနုဘော်ကြောင့် ဝမ်းမြောက် သောသူ၊ ငါ ၏သူရဲ တို့ကို ငါ့အမျက် ပြေစေခြင်းငှါ ငါခေါ် ပြီ။
Isaiah 28:14သို့ဖြစ်၍၊ ဆဲရေး တတ်သော ယေရုရှလင် မြို့ သား အကြီး အကြပ်တို့၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော် ကို နားထောင် ကြလော့။
Isaiah 49:25ထာဝရဘုရား မိန့် တော်မူသည်ကား ၊ အကယ် စင်စစ် အားကြီး သောသူ သိမ်း သွားသော လူတို့ကို ယူ ရမည်။ ကြောက်မက် ဘွယ်သောသူ လုယူရာဥစ္စာ ကို နှုတ် ရ လိမ့်မည်။ အကြောင်း မူကား၊ သင် နှင့် ရန်တွေ့ သောသူကို ငါ သည် ရန်တွေ့ ၍ ၊ သင် ၏သား တို့ကို ကယ်တင် မည်။
Isaiah 59:4တရား ကို အဘယ်သူ မျှမရှာ ၊ သစ္စာ ကို အဘယ်သူ မျှမစောင့် ၊ အနတ္တ ကို ကိုးစား ၍ မုသာ စကားကို ပြော တတ်ကြ၏။ မ ကောင်းသောအကြံကို ပဋိသန္ဓေ ယူ၍ ၊ အဓမ္မ အမှုကို ဘွား ကြ၏။
Daniel 7:19ထိုအခါ အခြားသော သားရဲထက်ထူးခြား ၍ အလွန် ကြောက်မက် ဘွယ်ဖြစ်လျက်၊ သံ သွား နှင့်၎င်း ၊ ကြေးဝါ လက်သည်း ခြေသည်းနှင့်၎င်း ပြည့်စုံသဖြင့်၊ ကိုက်စား ချိုးဖဲ့ ၍ ကြွင်း သမျှကို ခြေ ဖြင့်နင်း ချေတတ်သော စတုတ္ထ သားရဲ ကား၊ အဘယ်သို့ဆိုလိုသည်ကို၎င်း၊
Micah 2:3သို့ဖြစ်၍ ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင် တို့လည်ပင်း မ လွတ် ၊ ခေါင်း မ ကြွနိုင်သော ဘေးဒဏ် ကို ထိုသို့ သော အိမ်ထောင် တဘက် ၌ ငါ ကြံစည် ၏။ ဆိုး သောကာလ ဖြစ်လိမ့်မည်။