Isaiah 29:21
တရား တွေ့ ၍ ဆင်းရဲ သားကို အပြစ် ရောက်စေ သောသူ၊ မြို့တံခါး ဝမှာ အမှုသည်ကို ကျော့ မိစေခြင်းငှါပြုသောသူ၊ အပြစ် မရှိသောသူကို မတရား သဖြင့် ရှုံး စေ သောသူ အပေါင်းတို့ကို သုတ်သင် ပယ်ရှင်းရ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Proverbs 28:21လူမျက်နှာ ကို မ ထောက် ကောင်း။ သို့သော်လည်း ၊ လူ သည် မုန့် တဖဲ့ ကိုရခြင်းငှါ ဒုစရိုက် ကို ပြုလိမ့်မည်။
Isaiah 5:23ထိုသူတို့သည် တံစိုး ကိုစားခြင်းငှါ ၊ မတရား သောသူတို့ ကို အပြစ် မပေးဘဲလွှတ်၍၊ ဖြောင့်မတ် သောသူတို့၏ ဖြောင့်မတ် ခြင်းကို ဝန်မခံ၊ ပယ်ရှား တတ်ကြ၏။
Jeremiah 18:18သူတို့ကလည်း လာ ကြ။ ယေရမိ တဘက် ၌ ကြံစည် ကြကုန်အံ့။ ယဇ် ပုရောဟိတ်သည် တရား အမှု၌၎င်း ၊ ပညာရှိ သောသူသည် အကြံ ပေးခြင်းအမှု၌၎င်း ၊ ပရောဖက် သည် ဟော ပြောခြင်းအမှု၌ ၎င်း အရှုံး မခံရ။ လာ ကြ။ ယေရမိ ကိုလျှာ နှင့် ရိုက် ကြကုန်အံ့။ သူ ၏စကား ကို နား မထောင်ဘဲနေကြကုန်အံ့ဟု ဆို ကြ၏။
Jeremiah 26:2ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဗိမာန် တော်၌ ကိုးကွယ် အံ့သောငှါ ရောက် လာသောယုဒ မြို့ သူရွာသားအပေါင်း တို့အား ဆင့်ဆို စေခြင်းငှါ ၊ ငါသည်သင် ၌ မှာ ထားသမျှ သောစကား တို့ကို ဗိမာန် တော် တန်တိုင်း ထဲမှာ ရပ် လျက်၊ သူ တို့အား ပြန်ပြော လော့။ တခွန်း ကိုမျှ မ ထိမ် မဝှက်နှင့်။
Amos 5:10မြို့တံခါး ဝတွင် ဆုံးမ တတ်သောသူကို မုန်း ၍ ဖြောင့်မတ် စွာပြော တတ်သောသူကို ရွံ့ရှာ ကြပြီတကား။
Micah 2:6ပရောဖက်ပြုသောသူတို့ ၊ ပရောဖက် မ ပြုကြ နှင့်။ သူတို့သည် ရှက်ကြောက် မည်အကြောင်း ပရောဖက် မ ပြုရကြ။