မိက္ခာအနာဂတ္တိကျမ်း 2:6
ပရောဖက်ပြုသောသူတို့ ၊ ပရောဖက် မ ပြုကြ နှင့်။ သူတို့သည် ရှက်ကြောက် မည်အကြောင်း ပရောဖက် မ ပြုရကြ။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of မိက္ခာအနာဂတ္တိကျမ်း 2
Cross References
Isaiah 30:10သူတို့ကလည်း၊ ဗျာဒိတ် တော်ကို မ ခံပါနှင့် ဟု ဗျာဒိတ် ခံသောသူတို့အား ၎င်း၊ မှန် သောစကားကို ငါ တို့ အား မ ဟော ပါနှင့်။ ချော့မော့ သောစကားကို ပြောကြပါ။ လှည့်စား သောစကား ကို ဟော ကြပါ။
Jeremiah 8:11ချမ်းသာ မရှိ သောအခါ ချမ်းသာ ၊ ချမ်းသာ ဟု ပြော ဆိုလျက်၊ ငါ ၏လူမျိုး သတို့သမီး အနာ ကို ပေါ့လျော့ စွာကုကြ၏။
Jeremiah 26:20ကိရယတ် ယာရိမ်မြို့နေ၊ ရှေမာယ ၏သား ဥရိယ သည်လည်း၊ ထာဝရဘုရား ၏ နာမ တော်ကို အမှီပြု ၍၊ ထို မြို့ နှင့် ထိုပြည် တဘက် ၌ ပရောဖက် ပြု၍၊ ယေရမိ ဟောပြောသောစကား နှင့် တညီတည်းဟောပြော ၏။
Ezekiel 20:46အချင်းလူသား ၊ တောင်ဘက် သို့မျက်နှာ ပြု လျက်၊ တောင် မျက်နှာတဘက်၌ မြွက်ဆို ၍၊ တောင် ပြည် ၌ရှိသောတော တဘက်၌ ဟောပြော လော့။
Amos 2:12သင်တို့မူကား ၊ နာဇရီ လူသောက် ဘို့ စပျစ်ရည် ကိုပေးကြပြီ။ ပရောဖက် တို့ကိုလည်း ၊ ပရောဖက် ပြု၍ မ ဟော ကြနှင့်ဟု မြစ်တား ကြပြီ။
Amos 8:11အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ မွတ်သိပ် ခြင်းဘေးကို တပြည်လုံး ၌ ငါဖြစ် စေသောကာလ ရောက် လိမ့်မည်။ အစာ ခေါင်းပါး၍ မွတ်သိပ် ခြင်းဘေးမ ဟုတ်၊ ရေ ငတ် ခြင်းဘေးလည်း မ ဟုတ်၊ ထာဝရဘုရား ၏ အမိန့် တော်ကို မ ကြား ရသောမွတ်သိပ်ခြင်းဘေးဖြစ်လိမ့်မည်။