Isaiah 29:8
မွတ်သိပ် သောသူသည် အိပ်မက် တွင် စား ရသည် ဟုထင် သော်လည်း ၊ နိုး သောအခါ အမွတ် အသိပ်မပြေသကဲ့သို့၎င်း ၊ ရေ ငတ်သူသည် အိပ်မက်တွင် သောက် ရသည် ဟုထင် သော်လည်း ၊ နိုး သောအခါ နွမ်းနယ် လျက် ၊ တောင့်တလျက်ရှိသကဲ့သို့၎င်း၊ အပြည်ပြည် ကလာ၍၊ ဇိအုန် တောင် ကို စစ်တိုက် သော အလုံး အရင်းသည်ဖြစ် ရ လိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Psalms 73:20အိုထာဝရ ဘုရား၊ လူသည် နိုး သောအခါ အိပ်မက် ကိုမှတ်သကဲ့သို့ သူတို့ကို နှိုး တော်မူသောအခါ ၊ သူ တို့ အကြံ အစည်ကို မထီမဲ့မြင် ပြုတော်မူမည်။
Isaiah 10:7သို့ သော်လည်း၊ သူသည်အခြားသောအကြံ၊ အခြားသော အလိုရှိ၏။ သူသည်ဖျက်ဆီး ၍ ၊ များစွာသောလူမျိုး တို့ကို ဖယ်ရှင်း ခြင်းငှါ အလိုရှိ၏။
Isaiah 41:12သင် နှင့် ဆန့်ကျင် ဘက်ပြုသောသူ တို့ ကို သင် သည် ရှာ ၍ မ တွေ့ ရ။ သင့် ကို စစ်တိုက် သောသူ တို့ သည် အဘယ် မျှ မဟုတ်သကဲ့သို့ ၎င်း၊ အနတ္တ သက်သက်ကဲ့သို့ ၎င်း ဖြစ် ကြလိမ့်မည်။
Nahum 2:1ဖျက်ဆီး သောသူသည် သင့် ရှေ့ သို့ ရောက် လာ ပြီ။ သင်၏ရဲတိုက် ကို သတိ ပြုလော့။ လမ်း ကို စောင့် လော့။ ကိုယ်ခါး ကို ခိုင်ခံ့ စေလော့။ ကျပ်ကျပ် အား ယူ လော့။