နာဟုံအနာဂတ္တိကျမ်း 2:1
ဖျက်ဆီး သောသူသည် သင့် ရှေ့ သို့ ရောက် လာ ပြီ။ သင်၏ရဲတိုက် ကို သတိ ပြုလော့။ လမ်း ကို စောင့် လော့။ ကိုယ်ခါး ကို ခိုင်ခံ့ စေလော့။ ကျပ်ကျပ် အား ယူ လော့။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of နာဟုံအနာဂတ္တိကျမ်း 2
Cross References
Psalms 50:14ကျေးဇူး ချီးမွမ်းခြင်း ယဇ်ကိုဘုရား သခင်အား ပူဇော် လော့။ သစ္စာ ဂတိထားသည်အတိုင်း ၊ အမြင့်ဆုံး သောအရာ၌ သစ္စာဝတ်ကိုဖြေ လော့။
Isaiah 14:6ထိုသို့အစိုးရ သောသူတို့ ၏ ရာဇ လှံတံကို၎င်း၊ ထာဝရဘုရား ချိုး တော်မူပြီ။
Isaiah 29:8မွတ်သိပ် သောသူသည် အိပ်မက် တွင် စား ရသည် ဟုထင် သော်လည်း ၊ နိုး သောအခါ အမွတ် အသိပ်မပြေသကဲ့သို့၎င်း ၊ ရေ ငတ်သူသည် အိပ်မက်တွင် သောက် ရသည် ဟုထင် သော်လည်း ၊ နိုး သောအခါ နွမ်းနယ် လျက် ၊ တောင့်တလျက်ရှိသကဲ့သို့၎င်း၊ အပြည်ပြည် ကလာ၍၊ ဇိအုန် တောင် ကို စစ်တိုက် သော အလုံး အရင်းသည်ဖြစ် ရ လိမ့်မည်။
Jeremiah 25:9ဤ ပြည် နှင့် ပြည် သား များကို၎င်း၊ ပတ်ဝန်းကျင် ၌ရှိသောလူအမျိုးမျိုး တို့ကို၎င်းစစ်တိုက်စေခြင်းငှါ၊ ငါ ၏ ကျွန် ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ အစရှိသော မြောက် ပြည်သား အမျိုးမျိုး အပေါင်းတို့ကို ငါ မှာ လိုက်၍ ဆောင် ခဲ့ပြီးလျှင်၊ ရှင်းရှင်းဖျက်ဆီး ၍ ၊ ဤ ပြည်သား တို့ကို အံ့ဩ ဘွယ်ရာ၊ ကဲ့ရဲ့ သံကိုကြားရာ၊ အစဉ် အမြဲလူဆိတ်ညံ ရာ ဖြစ် စေမည်။
Jeremiah 50:23မြေ တပြင်လုံးကို ရိုက်နှက်သောသံတူ သည် ကျိုးပြတ် လေပြီတကား၊ ဗာဗုလုန် မြို့သည် လူမျိုး တို့တွင် အံ့ဩ ရာဖြစ် လေပြီတကား။
Jeremiah 51:20အိုသံတူ ကြီး၊ သင် သည် ငါ စစ်တိုက် စရာ လက်နက် ဖြစ်၏။ သင့် ကို ငါကိုင်၍ အတိုင်းတိုင်း အပြည်ပြည်တို့ကို ချိုးဖဲ့ ပြီ။