Isaiah 30:19
ယေရုရှလင် မြို့၌ နေ သောဇိအုန် အမျိုး ၊ သင် သည် အစဉ်ငိုကြွေး ရမည် မဟုတ်။ သင် အော်ဟစ် သံ ကို နားထောင်၍ ကယ်မ သနားတော်မူလိမ့်မည်။ ထိုအသံကို ကြား သောအခါ ထူး တော်မူလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Isaiah 10:24ထိုကြောင့်၊ ကောင်းကင်ဗိုလ်ခြေ သခင် အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဇိအုန် မြို့၌နေ သောငါ ၏လူမျိုး ၊ အာရှုရိ မင်းကြောင့် မ ကြောက် နှင့်။ သူ၏ ကြိမ်လုံး နှင့် သင့် ကိုရိုက် မည်။ အဲဂုတ္တု မင်း ပြု သည်နည်းတူ သူ ၏လှံတံ ကို သင် ၏အပေါ် မှာမိုး လိမ့်မည်။
Isaiah 25:8သေခြင်းကိုလည်း နစ်မွန်းဆုံးရှုံးစေတော်မူလိမ့်မည်။ အရှင်ထာဝရဘုရားသည်လည်း၊ ခပ်သိမ်းသော မျက်နှာတို့မှ မျက်ရည်ကိုသုတ်တော်မူလိမ့်မည်။ ကိုယ်တော် ၏လူတို့သည် ခံရသောကဲ့ရဲ့ခြင်းကိုလည်း၊ မြေကြီး တပြင်လုံး၌ ပယ်ရှင်းတော်မူလိမ့်မည်ဟု၊ ထာဝရဘုရား အမိန့်တော်ရှိ၏။
Isaiah 40:1သင် တို့၏ ဘုရား သခင်မိန့် တော်မူသည်ကား၊ ငါ ၏လူ တို့ကို နှစ်သိမ့် စေကြလော့။ နှစ်သိမ့် စေကြလော့။
Isaiah 54:6စွန့်ပစ် ၍ စိတ် ငြိုငြင် သော မိန်းမ ၊ ငယ် စဉ်တွင်မယား ဖြစ်၍ ၊ နောက်မှငြင်းပယ် သော မိန်းမကို တဖန် ခေါ်သကဲ့သို့ သင့် ကို ငါခေါ် မည်ဟု သင် ၏ဘုရား သခင်မိန့် တော်မူ၏။
Isaiah 60:20နောက် တဖန် သင် ၏နေ သည်မ ဝင် ရ။ သင် ၏ လ သည်လည်း မ ဆုတ် ရ။ ထာဝရဘုရား သည် သင် ၌ ထာဝရ အလင်း ဖြစ်တော်မူ၍ ၊ စိတ်မသာညည်းတွား ရာ ကာလ ကုန် လေပြီ။
Isaiah 65:9ယာကုပ် အမျိုး ထဲက မျိုးစေ့ကို၎င်း၊ ယုဒ အမျိုးထဲက ငါ့ တောင် ကို အမွေခံ ရသောသူကို၎င်း ငါထုတ်ဘော် မည်။ ငါ ရွေးကောက် သောသူ တို့ သည် ပြည်တော်ကို အမွေခံ ၍ ၊ ငါ ၏ကျွန် တို့သည် နေ ရကြလိမ့်မည်။