Isaiah 30:20
ထာဝရဘုရား သည် သင့် အား ဒုက္ခ မုန့် ကို ကျွေး ၍ ၊ ဆင်းရဲ ခြင်းရေ ကို တိုက်တော်မူသော်လည်း ၊ သင် ၏ ဆရာ တို့သည် နောက် တဖန် ပုန်းရှောင် ၍ မ နေရကြ။ ကိုယ် မျက်စိ နှင့် ကိုယ် ဆရာ တို့ကို မြင် ရလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
1 Kings 22:27ဤ သူကိုထောင် ထဲမှာလှောင် ထားကြ။ ငါသည် ငြိမ်ဝပ် စွာ ပြန် ၍ မ လာမှီတိုင်အောင်ဆင်းရဲ စွာ စား သောက် စေဟု အမိန့် တော်ရှိကြောင်းကို ဆင့်ဆို လော့ဟု စီရင် ၏။
Psalms 30:5အမျက် တော်သည် ခဏ ထွက်၏။ ကျေးဇူး တော်မူကား၊ တသက်လုံး တည်၏။ ညဦး ယံ၌ ငိုကြွေး ခြင်းသည် လာ၍တည်းခို ၏။ နံနက် ယံ၌ ကား ၊ သီချင်း ဆိုရသော အခွင့် ရှိ၏။
Psalms 80:5သူ တို့ကို မျက်ရည် မုန့် နှင့်ကျွေး ၍ ၊ မျက်ရည် ကိုလည်း ကြွယ်ဝ စွာ တိုက် တော်မူ၏။
Psalms 127:2စောစော ထလျက်၊ ညဉ့်နက်သည်တိုင်အောင်မအိပ်ဘဲနေလျက်၊ ပင်ပန်း စွာ အစာ စား လျက်နေ သော်လည်း အကျိုး မရှိ။ အိပ်ပျော် ရသောအခွင့်ကို ချစ် တော်မူသောသူအား အမှန်ပေး တော်မူ၏။
Isaiah 51:14အချုပ် ခံရသောသူသည် ထောင် ထဲမှာ မ သေ ၊ ရေ စာမ ပြတ် ၊ လျင်မြန် စွာ ကယ်နှုတ် ခြင်းသို့ ရောက်လိမ့်မည်။
Ezekiel 24:22ထိုအခါ သင်တို့သည် ငါပြု သကဲ့သို့ ပြု ကြ ရလိမ့်မည်။ နှုတ် ကိုမ ဖုံး ၊ ဆင်းရဲ သောသူတို့၏ အစာ ကို မ စား ရကြ။