Isaiah 31:1
စစ်ကူ တောင်းအံ့သောငှါ အဲဂုတ္တု ပြည် သို့ သွား ၍၊ မြင်း တို့ကို အမှီပြု လျက် များ စွာသော ရထား တို့ကို၎င်း၊ အားကြီး သော မြင်းစီး သူရဲတို့ကို ၎င်း ခိုလှုံလျက်၊ ဣသရေလ အမျိုး၏ သန့်ရှင်း သော ဘုရားကို မ မြော်လင့် ၊ ထာဝရဘုရား ကို မ ရှာ ဘဲ နေသော သူတို့သည် အမင်္ဂလာ ရှိကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 47:17သူတို့သည် တိရစ္ဆာန် တို့ကိုယူ ခဲ့၍ ၊ ယောသပ် သည် မြင်း ၊ သိုး ၊ နွား ၊ မြည်း တို့အတွက် စပါးကိုပေး သဖြင့် ထို နှစ် တွင် တိရစ္ဆာန် ရှိသမျှ တို့အတွက် ပြည်သား များကို ကျွေးမွေး ၏။
2 Chronicles 16:7ထိုအခါ ပရောဖက် ဟာနန် သည် ယုဒ ရှင်ဘုရင် အာသ ထံ သို့လာ ၍ ၊ မင်းကြီးသည် မိမိ ဘုရားသခင် ထာဝရဘုရား ကို မ ခိုလှုံ ၊ ရှုရိ ရှင်ဘုရင် ကို ခိုလှုံ သောကြောင့် ၊ ရှုရိ ရှင် ဘုရင်၏ ဗိုလ်ခြေ တို့သည် မင်းကြီး လက် မှ လွတ် သွားကြပြီ။
Job 39:11ကြံ့သည် အား ကြီး သောကြောင့် သူ့ ကို ယုံ မည်လော။ သင် လုပ်ရသောအလုပ် ကိုသူ ၌ အပ် မည်လော။
Psalms 33:16ရှင်ဘုရင် မည်သည်ကား၊ များစွာ သောအလုံး အရင်းအားဖြင့် ချမ်းသာ မ ရ။ သူရဲ သည်လည်း ခွန်အား ကြီး သောအားဖြင့် ကယ်လွှတ် ခြင်းသို့မ ရောက်။
Isaiah 2:7သူ တို့ပြည် သည် ရွှေ ငွေ နှင့်ကြွယ်ဝ ၍ ၊ ဥစ္စာ ပစ္စည်း အတိုင်း မသိများ၏။ သူ တို့ပြည် သည် မြင်း နှင့် ကြွယ်ဝ ၍ ၊ မြင်းရထား အတိုင်း မသိများ၏။
Isaiah 9:12ရှေ့ ၌ကား ရှုရိ လူ၊ နောက် ၌ ကား ဖိလိတ္တိ လူတို့ သည် ပစပ် ဟ၍၊ ဣသရေလ အမျိုးကို ကိုက် စားကြ လိမ့်မည်။ သို့သော်လည်း၊ အမျက် တော်သည် မ ငြိမ်း ၊ လက် တော်သည် ဆန့် လျက်ရှိသေး ၏။