Isaiah 9:12
ရှေ့ ၌ကား ရှုရိ လူ၊ နောက် ၌ ကား ဖိလိတ္တိ လူတို့ သည် ပစပ် ဟ၍၊ ဣသရေလ အမျိုးကို ကိုက် စားကြ လိမ့်မည်။ သို့သော်လည်း၊ အမျက် တော်သည် မ ငြိမ်း ၊ လက် တော်သည် ဆန့် လျက်ရှိသေး ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
2 Kings 16:6သို့ရာတွင်၊ ရှုရိ ရှင်ဘုရင် ရေဇိန် သည် ဧလတ် မြို့ ကို ရှုရိ နိုင်ငံသို့သွင်းပြန် ၍ ၊ ယုဒ လူတို့ကို နှင်ထုတ် သဖြင့် ၊ ရှုရိလူတို့သည်လာ၍ ယနေ့ တိုင်အောင် ဧလတ် မြို့၌ နေ ကြ၏
Psalms 79:7အကြောင်း မူကား၊ သူတို့သည် ယာကုပ် အမျိုးကို ကိုက်စား ၍ ၊ သူ ၏နေရာ ကိုလည်း သုတ်သင် ပယ်ရှင်းကြ ပါပြီ။
Isaiah 5:25ထိုကြောင့် ၊ ထာဝရဘုရား သည် မိမိ လူ တို့ကို အမျက် တော်ထွက်လျက် ၊ သူတို့၌လက် တော်ကိုဆန့် ၍ ဒဏ်ခတ် တော်မူသဖြင့် ၊ တောင် တို့သည်တုန်လှုပ် ၍ ၊ သူ တို့၏အသေ ကောင်တို့သည် လမ်း များ၌ မစင် ကဲ့သို့ ဖြစ် ကြ၏။ သို့သော်လည်းအမျက် တော်သည် မ ငြိမ်း ၊ လက် တော် သည် ဆန့် လျက်ရှိ သေး၏။
Isaiah 9:21မနာရှေ အမျိုးသည် ဧဖရိမ် အမျိုးကို၎င်း ၊ ဧဖရိမ် အမျိုးသည် မနာရှေ အမျိုးကို၎င်းကိုက်စားကြလိမ့်မည်။ ထိုနှစ် မျိုးတို့သည် ယုဒ အမျိုးကို တညီတညွတ်တည်းရန်ပြုကြလိမ့်မည်။ သို့သော်လည်း၊ အမျက် တော်သည် မ ငြိမ်း ၊ လက် တော်သည် ဆန့် လျက်ရှိသေး ၏။
Isaiah 31:1စစ်ကူ တောင်းအံ့သောငှါ အဲဂုတ္တု ပြည် သို့ သွား ၍၊ မြင်း တို့ကို အမှီပြု လျက် များ စွာသော ရထား တို့ကို၎င်း၊ အားကြီး သော မြင်းစီး သူရဲတို့ကို ၎င်း ခိုလှုံလျက်၊ ဣသရေလ အမျိုး၏ သန့်ရှင်း သော ဘုရားကို မ မြော်လင့် ၊ ထာဝရဘုရား ကို မ ရှာ ဘဲ နေသော သူတို့သည် အမင်္ဂလာ ရှိကြ၏။
Jeremiah 10:25ကိုယ်တော် ကိုမ သိ သော တပါးအမျိုးသား တို့ အပေါ် သို့၎င်း ၊ နာမ တော်ကို ပဌနာ မ ပြုသော အမျိုးအနွယ် တို့အပေါ် သို့၎င်း အမျက် တော်ကို သွန်းလောင်း တော်မူပါ။ အကြောင်း မူကား၊ သူတို့သည် ယာကုပ် အမျိုး ကို အကုန်အစင်ကိုက်စား ၍ ၊ သူ ၏နေရာ ကို သုတ်သင်ပယ်ရှင်း ကြပါပြီ။