Isaiah 31:4
ထာဝရဘုရား သည် ငါ့ အား မိန့် တော်မူသည် ကား၊ ခြင်္သေ့ နှင့် ခြင်္သေ့ သငယ်သည် လုယူရာ အကောင် ပေါ် မှာနေသောအခါ၊ သိုးထိန်း အလုံး အရင်း၏ ဆီးတားအော်ဟစ် ခြင်းကို မ ကြောက် ၊ သူ တို့ပြုသောအသံ ဗလံအားဖြင့် အရှုံး မ ခံသကဲ့သို့၊ ထိုနည်းတူ ၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား သည် မိမိ တောင် တည်းဟူသောဇိအုန် တောင် တော်ဘက် မှာ စစ်တိုက် ခြင်းငှါ ဆင်းသက် တော်မူလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Exodus 14:14သင် တို့ဘက် ၌ ထာဝရဘုရား သည် စစ်တိုက် တော်မူလိမ့်မည်။ သင် တို့သည် ငြိမ်ဝပ် စွာနေရကြမည်ဟု လူ များတို့အား ဆို ၏။
Numbers 24:8ဘုရားသခင် သည် အဲဂုတ္တု ပြည်မှ နှုတ်ဆောင် တော်မူသည်ဖြစ်၍၊ ဣသရေလအမျိုးသည်၊ ကြံ့ အားကြီး သကဲ့သို့ အားကြီး၏။ ရန်သူ ဖြစ်သော လူမျိုး တို့ကို ကိုက်ဝါး ၍ ၊ အရိုး တို့ကို ချိုးဖဲ့ လိမ့်မည်။ မြှား ဖြင့် ထုတ်ချင်းခပ် အောင် ခွင်းလိမ့်မည်။
Psalms 125:1ထာဝရဘုရား ကို ခိုလှုံ သောသူတို့ သည် မ တုန် မလှုပ်၊ အစဉ်အမြဲ တည် သော ဇိအုန် တောင် ကဲ့သို့ ဖြစ်ကြ ၏။
Isaiah 12:6အိုဇိအုန် သတို့သမီး၊ ကြွေးကြော် လော့။ဝမ်းမြောက်သဖြင့်အော်ဟစ် လော့။ အကြောင်း မူကား၊ဣသရေလ အမျိုး၏သန့်ရှင်း သောဘုရားသည်သင် ၏အလယ် ၌ ဘုန်းကြီး တော်မူ၏ဟုမြွက် ဆိုရလိမ့်မည်။
Isaiah 30:32ထာဝရဘုရား စီရင် ၍၊ သူ ၏အပေါ် မှာ လေးစွာ ချ ထားတော်မူသော လှံတံ သည် ရှောက် သွားရာရာ ၌ စောင်း ၊ ပတ်သာ တီးခြင်းနှင့်တကွ ဖြစ် လိမ့်မည်။ သူ့ ကို ပြင်းစွာစစ် တိုက် တော်မူလိမ့်မည်။
Isaiah 42:13ထာဝရဘုရား သည် သူရဲ ကဲ့သို့ ထွက်ကြွ၍၊ စစ် သူရဲ ကဲ့သို့ ကိုယ်စိတ် ကို ကိုယ်နှိုးဆော် တော်မူလိမ့်မည်။ အော်ဟစ် ကြွေးကြော် ၍ ရန်သူ တို့တစ်ဘက် ၌ အားထုတ် တော်မူလိမ့်မည်။