Isaiah 32:13
ငါ့ လူ တို့၏မြေ ကို၎င်း၊ ဝမ်းမြောက် သော အိမ် နှင့် ရွှင်လန်း သော မြို့ ကို၎င်း၊ ဆူး ပင်အမျိုးမျိုးတို့သည် တက် ၍ လွှမ်းမိုးကြလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
12ရင်ပတ်ကိုခတ်ခြင်း၊ သာယာ သော လယ်ယာ နှင့် အသီးများ သော စပျစ် နွယ်ပင်အတွက် ညည်းတွား ခြင်းရှိလိမ့်မည်။
Cross References
Isaiah 5:6ဥယျာဉ် ကို ငါရှင်းရှင်းဖျက်ဆီးမည်။ အဘယ်သူမျှ မ ပြင်ဆင် ရ။ အဘယ်သူမျှမ တူး မဆွရ။ ဆူးပင် အမျိုးမျိုးပေါက် ကြလိမ့်မည်။ ထိုဥယျာဉ် အပေါ် မှာလည်း မိုဃ်း မရွာစေခြင်းငှါငါပညတ် မည်။
Isaiah 7:23ထိုအခါ စပျစ် နွယ်ပင်တထောင် ရှိ ၍၊ ငွေ တထောင် အဘိုးထိုက်သော စပျစ် ဥယျာဉ်တိုင်း ၊ ဆူးပင် မျိုးသက်သက်ဖြစ် ရလိမ့်မည်။
Isaiah 22:12ထို ကာလ ၌ ငိုကြွေး မြည်တမ်း ခြင်း၊ ဆံပင် ကို ပယ်ဖြတ်ခြင်း၊ လျှော်တေ အဝတ်ကို ဝတ် စည်းခြင်း အလိုငှါ ၊ ကောင်းကင်ဗိုလ်ခြေ သခင် အရှင်ထာဝရဘုရား သည် နှိုးဆော် တိုက်တွန်းတော်မူသော်လည်း၊
Jeremiah 39:8ခါလဒဲ လူတို့သည်လည်း ၊ နန်းတော် နှင့် ဆင်းရဲသား အိမ် တို့ကို မီးရှို့ ၍ ၊ မြို့ရိုး ကို ဖြိုဖျက် ကြ၏။
Hosea 10:8ဣသရေလ ပြစ်မှား ရာ အာဝင်မြို့ကုန်း တို့သည် ပြိုကျ ၍ ၊ ဆူး ပင်အမျိုးမျိုးတို့သည် သူ တို့ ယဇ် ပလ္လင်များကို လွှမ်းမိုး ကြလိမ့်မည်။ မြို့သားတို့ကလည်း၊ အိုတောင် များ တို့၊ ငါ တို့ကို ဖုံးအုပ် ကြပါ။ အိုကုန်း များတို့၊ ငါ တို့အပေါ် ၌ ကျ ကြပါဟု ခေါ် ကြလိမ့်မည်။