The Bible Software
Isaiah · မြန်မာကျမ်းစာ

Isaiah 36

1ဟေဇကိ မင်းကြီး နန်းစံဆယ် လေး နှစ် တွင် အာရှုရိ ရှင်ဘုရင် သနာခရိပ် သည်၊ ယုဒ ပြည်၌ခိုင်ခံ့ သော မြို့ ရှိသမျှ တို့ကို စစ်ချီ ၍ လုပ်ကြံ ပြီးလျှင်၊

2ရာဗရှာခ ကို ခန့် ထား၍ များ စွာသော ဗိုလ်ခြေ နှင့်တကွ ၊ လာခိရှ မြို့မှ ယေရုရှလင် မြို့၊ ဟေဇကိ မင်းကြီး ထံသို့ စေလွှတ်လေ၏။ ထိုဗိုလ်ချုပ်မင်းသည် ရောက်၍၊ ခဝါသည် ၏ လယ် နားမှာ ရှောက်သောလမ်း ၊ အထက် ရေကန် ပြွန် ဝ၌ ရပ် နေ၏။

3ထိုအခါ ဟိလခိ သား ဖြစ်သော နန်းတော် အုပ် ဧလျာကိမ် ၊ စာရေး တော်ကြီးရှေဗန ၊ အာသပ် သား အတွင်းဝန် ယောအာ တို့သည် သူ့ ထံသို့ ထွက် ပြီးလျှင်၊

4ရာဗရှာခက၊ မဟာ အရှင်မင်းကြီး ၊ အာရှုရိ ရှင် ဘုရင်သည် ဟေဇကိ ကို မိန့် တော်မူသည်ကား၊ သင်ခိုလှုံ သဖြင့် ခိုလှုံ ရာကား အဘယ်သို့ နည်း။

5စစ်တိုက် လောက်အောင် ဉာဏ် သတ္တိ၊ အစွမ်း သတ္တိနှင့် ငါပြည့်စုံသည်ဟု အချည်းနှီးသောစကား ကို သင် ဆို ပါသည်တကား။ ငါ့ ကို ပုန်ကန် ခြင်းငှါ အဘယ် သူကို ကိုးစား သနည်း။

6ကျိုး သော ကျူလုံး တောင်ဝေး တည်းဟူသောအဲဂုတ္တု ပြည်ကို ကိုးစား ပါသည်တကား။ ထိုကျူလုံးသည် မှီ သောသူ၏ လက် ကိုဖောက် ၍ လျှိုသွားလိမ့်မည်။ ထိုသို့ အဲဂုတ္တု မင်းကြီး ဖာရော ဘုရင်သည် မိမိ ၌ မှီ သောသူအပေါင်း တို့ကိုပြု လိမ့်မည်။

7သင်တို့က၊ ငါ တို့သည် ငါ တို့၏ ဘုရား သခင်ထာဝရဘုရား ကို ကိုးစားသည်ဟု ဆို ပြန်လျှင် ၊ ဟေဇကိ သည်မြင့် သောအရပ်ဌာနနှင့် ယဇ် ပလ္လင်တို့ကို ပယ် ၍၊ ဤ မည်သောယဇ်ပလ္လင် ရှေ့၌သာ ကိုးကွယ် ရမည်ဟု ယုဒ ပြည်သူ၊ ယေရုရှလင် မြို့သားတို့ကို မှာ ထားသဖြင့် ၊ သင်တို့ ပြစ်မှားသော ဘုရား ဖြစ်သည်မ ဟုတ်လော။

8သို့ဖြစ်၍၊ ယခု တွင်ငါ့ သခင် ၊ အာရှုရိ ရှင်ဘုရင် ၌ အာမခံ တို့ကို အပ်ပါလော့။ သင် ၌ မြင်းစီး သူရဲ လုံလောက် အောင်ရှိလျှင် ၊ မြင်း နှစ်ထောင် တို့ကို ငါပေး မည်။

9သင်သည် ငါ့ သခင် ၏ ကျွန် တို့တွင် အငယ်ဆုံး သော ဗိုလ် ကို အဘယ်သို့ လှန် နိုင်မည်နည်း။ အဲဂုတ္တု ပြည် မှရထား များ၊ မြင်း စီးသူရဲများကိုရမည်ဟု ယုံ ပါသည်တကား။

10ထာဝရဘုရား ၏ အခွင့်မ ရှိဘဲ၊ ဤ ပြည် ကို ဖျက်ဆီးခြင်းငှါငါလာ သလော။ ထိုပြည် ကိုသွား၍ ဖျက်ဆီး လော့ဟု ထာဝရဘုရား သည် ငါ့ အား မိန့် တော်မူပြီ။ ဤအကြောင်း အရာများကို ပြန်ပြောကြလော့ဟု ပြောဆို၏။

11ထိုအခါ ဧလျာကိမ် ၊ ရှေဗန ၊ ယောအာ တို့က၊ ရှုရိ ဘာသာ စကားအားဖြင့်ကျွန်တော် တို့အား အမိန့် ရှိပါ လော့။ ထိုစကားကို ကျွန်တော် တို့သည် နားလည် ပါ၏။ မြို့ရိုး ပေါ် မှာ ရှိသော သူ တို့သည် ကြား ရအောင်၊ ယုဒ ဘာသာစကားအားဖြင့်အမိန့် မ ရှိပါနှင့်ဟု ရာဗရှာခကို ဆို ကြလျှင်၊

12ရာဗရှာခက၊ ငါ့ သခင် သည် သင် ၏သခင် နှင့် သင့် အား သာ ဤ စကား ကို ပြော စေခြင်းငှါ ငါ့ ကိုစေလွှတ် တော်မူသလော။ မြို့ရိုး ပေါ် မှာ ထိုင် လျက်၊ သင်တို့နှင့်အတူ မိမိ တို့မစင် ကိုစား ၍ ၊ မိမိ တို့ရေ ဟောင်းကို သောက် ရသောသူတို့ ရှိရာသို့ စေလွှတ်တော်မူသည် မဟုတ်လော ဟု ဆို ပြီးလျှင်၊

13ရာဗရှာခ သည် ထ ၍ ယုဒ ဘာသာ စကားအားဖြင့် ကျယ် သောအသံ နှင့် ကြွေးကြော် လျက်၊ မဟာ အရှင် မင်းကြီး အာရှုရိ ရှင်ဘုရင် ၏ အမိန့် တော်ကို နားထောင် ကြလော့။

14ရှင်ဘုရင် မိန့် တော်မူသည်ကား ၊ ဟေဇကိ သည် သင် တို့ကို မ လှည့်စား စေနှင့်။ သူသည်သင်တို့ကို ကယ် ယူ ခြင်းငှါ မ တတ် နိုင်။

15ဟေဇကိ က၊ ထာဝရဘုရား သည် ငါ တို့ကို ဧကန် အမှန်ကယ် ယူတော်မူမည်။ ဤ မြို့ သည် အာရှုရိ ရှင်ဘုရင် လက် သို့ မ ရောက် ရဟု ဆို သဖြင့်၊ ထာဝရဘုရားကို မ ကိုးစား စေနှင့်။

16ဟေဇကိ စကားကို နား မ ထောင်ကြနှင့်။ အာရှုရိ ရှင်ဘုရင် မိန့် တော်မူသည်ကား ၊ ငါ နှင့် မိဿဟာယ ဖွဲ့ ကြ။ ငါ့ ထံသို့ ထွက် လာကြ။

17သင်တို့ပြည်နှင့် တူသောပြည်တည်း ဟူသော၊ ဆန်စပါးစပျစ်ရည်နှင့် ပြည့်စုံသောပြည်၊ မုန့်နှင့် စပျစ်ဥယျာဉ်များသောပြည်သို့၊ သင်တို့ကို ပို့ခြင်းငှါငါမလာမှီတိုင်အောင်၊ သင်တို့သည် ကိုယ် စပျစ် ပင်၏အသီး၊ ကိုယ် သင်္ဘော သဖန်းပင်၏ အသီးကို စား ၍ ၊ ကိုယ် ရေကန် ကရေ ကို သောက် လျက် နေကြ ဦးလော့။

18ဟေဇကိ က၊ ထာဝရဘုရား သည် ငါ တို့ကို ကယ် ယူတော်မူမည်ဟု မ ဖြားယောင်း စေနှင့်။ အပြည်ပြည် သောဘုရား တို့သည် မိမိ တို့ပြည် များကို အာရှုရိ ရှင်ဘုရင် လက် မှ ကယ် လွှတ်ကြပြီလော။

19ဟာမတ် ပြည်၏ ဘုရား ၊ အာပဒ် ပြည်၏ဘုရား တို့သည် အဘယ် မှာရှိကြသနည်း။ သေဖရဝိမ် ပြည်၏ ဘုရားတို့သည် အဘယ်မှာရှိကြသနည်း။ သူတို့သည် ရှမာရိ ပြည်ကို ငါ့ လက် မှ ကယ်လွှတ် ကြပြီလော။

20ထို အပြည် ပြည်သော ဘုရား တို့တွင်၊ အဘယ် မည်သော ဘုရားသည် မိမိ ပြည် ကို ငါ့ လက် မှ ကယ်လွှတ် ဘူးသနည်း။ ထာဝရဘုရား သည် ယေရုရှလင် မြို့ကို ငါ့ လက် မှ အဘယ်သို့ ကယ်လွှတ် နိုင်မည်နည်းဟု ဆို လေ၏။

21ယုဒလူတို့လည်း၊ စကားတခွန်းကိုမျှမ ပြန် ဘဲ တိတ်ဆိတ် စွာ နေကြ၏။ အကြောင်း မူကား၊ ပြန် မ ပြော နှင့်ဟု ရှင်ဘုရင် အမိန့် တော်ရှိသတည်း။

22ထိုအခါ ဟိလခိ သား ဖြစ်သော နန်းတော် အုပ် ဧလျာကိမ် ၊ စာရေး တော်ကြီး ရှေဗန ၊ အာသပ် သား အတွင်းဝန် ယောအာ တို့သည် မိမိတို့အဝတ် ကိုဆုတ် လျက် ၊ ဟေဇကိ မင်းထံသို့လာ၍၊ ရာဗရှာခ စကား ကို ကြား လျှောက် ကြ၏။

← Isaiah 35Read In The App, Free →Isaiah 37 →

Study Isaiah 36

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142434445464748495051525354555657585960616263646566