Isaiah 41:24
သင် တို့သည် အဘယ် မျှမဟုတ်သော အရာ ထက်သာ၍ယုတ်မာ ကြ၏။ သင် တို့အမှု လည်း ၊ အဘယ်မျှ မဟုတ်သော အမှုထက်သာ၍ယုတ်မာ ၏။ သင် တို့ကို ရွေး ယူသောသူသည် ရွံ့ရှာ ဘွယ် ဖြစ်၏။
မြန်မာကျမ်းစာ
In The King James Version
Behold, ye are of nothing, and your work of nought: an abomination is he that chooseth you.
In Context
Cross References
Deuteronomy 7:25သူ တို့ထုသော ရုပ်တု ဆင်းတုဘုရား များကို မီးရှို့ ရမည်။ ရုပ်တုဆင်းတု၌ ပါသောရွှေ ငွေ ကို မ တပ်မက် ရ၊ မသိမ်းမယူရ။ ယူ လျှင် အပြစ်ရောက်မည်ဟု စိုးရိမ်စရာရှိ၏။ သင် ၏ ဘုရား သခင်ထာဝရဘုရား သည် စက်ဆုပ် ရွံရှာတော်မူ၏။
Deuteronomy 27:15ထာဝရဘုရား စက်ဆုပ် ရွံရှာသောအရာ၊ လက်သမား လက် နှင့် ထု လုပ်သော ရုပ်တု ၊ သွန်း သော ဆင်းတုကို လုပ်၍ မ ထင်ရှားသော အရပ်၌ ထား သောသူ သည် အမင်္ဂလာရှိစေသတည်းဟု ကျိန် လျှင်၊ လူ အပေါင်း တို့က အာမင် ဟု ဝန်ခံ ရကြမည်။
Isaiah 37:19သူ တို့၏ ဘုရား များကို မီး ထဲသို့ ချ ပစ်ကြပါပြီ။ ထိုဘုရားတို့သည် ဘုရား မဟုတ် ၊ လူ လက် ဖြင့်လုပ် သော သစ်သား နှင့် ကျောက် ဖြစ်သောကြောင့် ၊ ပျက်စီး ခြင်းသို့ ရောက်ကြပါပြီ။
Isaiah 44:9ရုပ်တု ဆင်းတုကို လုပ် သောသူအပေါင်း တို့သည် အချည်းနှီး သက်သက်ဖြစ်ကြ၏။ သူ တို့နှမြော သောအရာ တို့သည် အကျိုး ကို မ ပေးနိုင်ကြ။ ငါတို့သည် မ မြင် တတ်၊ နား မလည်တတ်ဟု ရှက် စရာအကြောင်းကို ကိုယ်တိုင် သက်သေခံ ကြ၏။
Jeremiah 10:8သူတို့သည် တလုံးတဝ တည်းတိရစ္ဆာန်သဘောနှင့် မိုက် သော သဘောရှိကြ၏။ သစ်သား သော်လည်းမိုက်သောအယူကို ဆုံးမ တတ်၏။
Jeremiah 51:17လူ မည်သည်ကား၊ မိမိဉာဏ် အားဖြင့်တိရစ္ဆာန် ကဲ့သို့ဖြစ်၏။ ရုပ်တု ကို သွန်း သော သူ တိုင်းမိမိလုပ်သော ရုပ်တုအားဖြင့်မှောက်မှား လျက်ရှိ၏။ အကြောင်း မူကား၊ သွန်းသောရုပ်တု သည် မုသာ ဖြစ်၏။ သူ ၌ လည်း ထွက်သက် ဝင်သက်မ ရှိ။