Isaiah 4:5
ထာဝရဘုရား သည်လည်း ဇိအုန် တောင် မှာရှိသမျှ သောအိမ် များနှင့် စည်းဝေး ရာ ပရိသတ်များအပေါ် တွင်၊ နေ့ အချိန်၌ မိုဃ်းတိမ် နှင့် မီးခိုး ကို၎င်း၊ ညဉ့် အချိန်၌ မီးလျှံ အလင်း ကို၎င်းဖန်ဆင်း တော်မူ၍၊ မြတ် သောအရာ အလုံးစုံ တို့ကို လွှမ်းမိုး တော်မူလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Exodus 14:19ထိုအခါ ဣသရေလ တပ် ရှေ့မှာ သွား သော ဘုရား သခင်၏ ကောင်းကင်တမန် သည် နောက်၌ လိုက် သဖြင့်၊ မိုဃ်းတိမ် တိုင် သည် သူ တို့ရှေ့ က ရွှေ့ ၍ နောက်၌ ရပ် နေလေ၏။
Exodus 26:1တနည်းကား၊ ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သောအထည်ဖြင့် ပြီး သော ခေရုဗိမ် အရုပ်နှင့် ချယ် လှယ်သော၊ ပိတ် ချောကုလားကာ ဆယ် ထည်ဖြင့် တဲ တော်ကို လုပ် ရမည်။
Exodus 40:34ထိုအခါ မိုဃ်းတိမ် သည် ပရိသတ်စည်းဝေး ရာ တဲ တော်ကို လွှမ်းမိုး ၍ ၊ ထာဝရဘုရား ၏ ဘုန်း တော်သည် တဲ တော်ကို ဖြည့် လေ၏။
Numbers 9:15တဲ တော်ကို ထူထောင် သောနေ့ ၌ ၊ မိုဃ်းတိမ် သည် တဲ တော်အပေါ် မှာ တည်၍၊ သက်သေခံ ချက် တဲ တော်ကို ဖုံးအုပ် လေ၏။ ညဦး မှစ၍ နံနက် တိုင်အောင် တဲ တော်ပေါ်မှာ မီး ကဲ့သို့ ထင်လေ၏။
Nehemiah 9:12ထိုမှတပါး၊ နေ့ အချိန်၌ မိုဃ်းတိမ် တိုင် အားဖြင့် ၎င်း ၊ ညဉ့် အချိန် ၌ သူ တို့သွား ရာလမ်း ကို လင်း စေသော မီး တိုင် အားဖြင့် ၎င်း ၊ သူ တို့ကို ပို့ဆောင် တော်မူ၏။
Psalms 85:9ငါ တို့ပြည် ၌ ဘုန်း တော်ကျိန်းဝပ် မည်အကြောင်း ၊ ကယ်တင် တော်မူခြင်း ကျေးဇူးသည်၊ ဘုရား သခင်ကို ကြောက်ရွံ့ သောသူတို့ ၏အနီး သို့ ဧကန် အမှန် ရောက် လေပြီ။