Isaiah 4:6
နေ့ အချိန်၌လည်း နေပူ ကိုကွယ်ကာ သောတဲ ၊ မိုဃ်းသက် မုန်တိုင်း ရောက်မှ လုံခြုံသော ခိုလှုံ ရာဖြစ် လိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Psalms 27:5အကြောင်း မူကား၊ ဘေး အန္တရာယ်ရောက်သည့် ကာလ ၊ တဲ တော်တွင် ငါ့ ကို ကွယ်ကာ တော်မူမည်။ ဗိမာန် တော်အတွင်း အရပ်၌ ၊ ငါ့ ကို ဝှက် ထားတော်မူမည်။ ကျောက် ပေါ် မှာလည်း ငါ့ ကိုတင် ထားတော်မူမည်။
Psalms 121:5ထာဝရဘုရား သည် သင့် ကို စောင့် တော်မူ၏။ ထာဝရဘုရား သည် သင် ၏လက်ျာ ဘက်၌ ရှိသောသင် ခိုလှုံရာ အရိပ် ဖြစ်တော်မူ၏။
Isaiah 8:14ထိုသို့ပြုလျှင်၊ ထိုဘုရားသည် သင်တို့ခိုလှုံ ရာ ဖြစ် တော်မူလိမ့်မည်။ သို့ရာတွင် ၊ ဣသရေလ လူ နှစ် မျိုးတို့ ထိမိ၍လဲ စရာကျောက် ၊ မှားယွင်း စရာကျောက် ၊ ယေရုရှလင် မြို့သား တို့၌ ကျော့ကွင်း နှင့် ထောင်ချောက် ဖြစ်တော်မူလိမ့်မည်။
Isaiah 30:30ထာဝရဘုရား သည်လည်း ဘုန်းကြီး သောအသံ တော်ကို လွှတ် တော်မူလိမ့်မည်။ လက်ရုံး တော် သက်ရောက် ခြင်း၊ ပြင်းစွာအမျက် ထွက်ခြင်း၊ မီးလျှံ လောင် ခြင်း၊ မိုဃ်းသီး ပါလျက်၊ မိုဃ်းသက် မုန်တိုင်း များတို့ကို ပြ တော်မူလိမ့်မည်။
Isaiah 32:18ငါ ၏လူ တို့သည်လည်း ၊ ငြိမ်သက် သောနေရာ ၊ လုံခြုံ သောမြို့ ရွာ၊ ဘေးလွတ် သော ချမ်းသာ ရာအရပ်တို့ ၌ နေ ရကြလိမ့်မည်။
Matthew 7:24အကြင်သူ သည်ငါ ဟောပြောသော ဤ စကား ကို ကြား၍နားထောင် ၏။ ထိုသူ သည် ကျောက် ပေါ်မှာ အိမ် ဆောက် သော ပညာရှိ နှင့် တူကြောင်းကို ငါပုံပြ မည်။