Isaiah 42:10
ပင်လယ် ကို ကူး သော သူမှစ၍၊ ပင်လယ် ၌ ရှိသမျှ တို့နှင့်တကွ၊ တကျွန်း တနိုင်ငံအရပ်များ၊ ထို အရပ်၌ နေ သောသူများတို့၊ ထာဝရဘုရား အား အသစ် သော သီချင်း ကိုဆို ကြလော့။ မြေကြီး စွန်း တို့မှ ဂုဏ်တော်ကို ချီးမွမ်း ကြလော့။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
1 Chronicles 16:32ပင်လယ် နှင့် ပင်လယ် တန်ဆာ သည် အသံဗလံ ပြုစေ။ လယ်ပြင် နှင့် လယ်ပြင် ၌ ရှိသမျှ သည်လည်း ဝမ်းမြောက် စေ။
Psalms 40:3ထိုသို့ငါ တို့ဘုရား သခင်ကို ချီးမွမ်း ရာသီချင်း သစ် ကို ငါ မြွက်ဆို စေ ခြင်းငှါ အခွင့်ပေး တော်မူ၏။ လူများ တို့သည် သိမြင် ၍ ကြောက်ရွံ့ သောစိတ် နှင့် ထာဝရဘုရား ကို ကိုးစား ကြလိမ့်မည်။
Psalms 96:11ကောင်းကင် သည် ဝမ်းမြောက် ခြင်းရှိစေ။ မြေကြီး သည်လည်း ရွှင်လန်း ခြင်းရှိစေ။ ပင်လယ် နှင့် ပင်လယ် တန်ဆာ သည် အသံ ဗလံကိုပြုစေ။
Psalms 98:1ထာဝရဘုရား အား အသစ် သောသီချင်း ကို ဆို ကြလော့။ အံ့ဘွယ် သော အမှုတို့ကို ပြု တော်မူပြီ။ လက်ျာ လက်တော်နှင့် သန့်ရှင်း သော လက်ရုံး တော်သည် ကိုယ်တော် အဘို့ ကယ်တင် ခြင်းအမှုကို ပြုလေပြီ။
Psalms 117:1လူမျိုး အပေါင်း တို့၊ ထာဝရဘုရား ကို ချီးမွမ်း ကြလော့။ လူ အနွှယ်အပေါင်း တို့၊ အလွန်ချီးမွမ်း ကြလော့။
Psalms 150:6အသက် ရှိသောသူအပေါင်း တို့သည် ထာဝရ ဘုရား ကို ချီးမွမ်း ကြစေ။ ဟာလေလုယ ။