The Bible Software
Isaiah · မြန်မာကျမ်းစာ

Isaiah 42

1ငါထောက်မ သော ငါ့ ကျွန် ရင်း၊ ငါ နှစ်သက် မြတ်နိုးရာ ငါ ရွေးချယ် သောသူ ကို ကြည့်ရှု လော့။ ထိုသူ ၏အပေါ် ၌ ငါ့ ဝိညာဉ် ကို ငါတည် စေမည်။ သူသည် လူ အမျိုးမျိုးတို့ကို တရား ပေး လိမ့်မည်။

2အော်ဟစ် ခြင်း၊ ကြွေးကြော် ခြင်းကို မ ပြုမူ၍ ၊ လမ်း ခရီး၌ သူ ၏အသံ ကို အဘယ်သူမျှမ ကြား စေရ။

3နင်းနယ် လျက်ရှိသောကျူပင် ကို မ ချိုး။ အတောက် သေးသော မီးစာ ကို မ သတ်။ တရား သည် မြဲမြံ ခြင်းသို့ ရောက်မည်အကြောင်းစီရင် လိမ့်မည်။

4မြေကြီး ပေါ် မှာ တရား တော်ကို မ တည် စေမှီတွင် အား မ လျော့၊ စိတ် လည်း မ ပျက်ရ။ သူ ၏တရား ကိုလည်း ၊ တကျွန်း တနိုင်ငံသားတို့သည် မြော်လင့် ကြလိမ့်မည်။

5မိုဃ်းကောင်းကင် ကို ဖန်ဆင်း ၍ ကြက် တော်မူထသော၊ မြေကြီး နှင့် မြေကြီး ထဲက ဖြစ်သမျှတို့ကို ခင်းကျင်း တော်မူထသော၊ မြေကြီး ပေါ် မှာ ရှိသောသူ တို့ အား အသက် ကို၎င်း၊ မြေကြီး ကို ကျော် နင်းသောသူတို့ အား ဝိညာဉ် ကို၎င်းပေး တော်မူသောဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား၊

6ငါ ထာဝရဘုရား သည် သင့် ကို တရား သဖြင့် ခေါ် ထားသည်ဖြစ်၍၊ လက် ဆွဲ လျက် ထောက်မ မည်။

7သင်သည် ကန်း သောမျက်စိ တို့ကိုဖွင့် စိမ့်သောငှါ ၎င်း၊ ချုပ် ထားသောသူတို့ကို လွှတ် စိမ့်သောငှါ ၎င်း၊ မှောင်မိုက် ၌နေ သောသူတို့ကို အမိုက်ထောင် ထဲက နှုတ်ယူစိမ့်သောငှါ၎င်း၊ သင့်ကို လူ များနှင့်ပဋိညာဉ်ဖွဲ့စရာ ဘို့ ၊ လူ အမျိုးမျိုးလင်းစရာ ဘို့ ခန့် ထားမည်။

8ငါ သည် ထာဝရဘုရား ဖြစ်၏။ ထို နာမသည် ငါ့ နာမ ဖြစ်၏။ ငါ့ ဘုန်း ကို အခြား သောသူအား ၎င်း၊ ငါ့ အသရေ ကို ရုပ်တု ဆင်းတုတို့အား ၎င်း ငါမ ပေး။

9အရင် ဟောသော အရာတို့သည် ဖြစ် ကြပြီ။ အသစ် သော အရာတို့ကို ယခု ငါ ဟော ၏။ မ ပေါ် လာမှီ သင် တို့အား ငါပြ နှင့်၏။

10ပင်လယ် ကို ကူး သော သူမှစ၍၊ ပင်လယ် ၌ ရှိသမျှ တို့နှင့်တကွ၊ တကျွန်း တနိုင်ငံအရပ်များ၊ ထို အရပ်၌ နေ သောသူများတို့၊ ထာဝရဘုရား အား အသစ် သော သီချင်း ကိုဆို ကြလော့။ မြေကြီး စွန်း တို့မှ ဂုဏ်တော်ကို ချီးမွမ်း ကြလော့။

11တော နှင့်တကွ တော၌ရှိသောမြို့ ရွာ၊ ကေဒါ အရပ်သား တို့သည် ကြွေးကြော် ကြစေ။ ကျောက် ၌ နေ သောသူတို့ သည် သီချင်းဆိုကြစေ။ တောင် ထိပ် ပေါ် က ကြွေးကြော် ကြစေ။

12ထာဝရဘုရား ကို ချီးမြှောက် ၍ ၊ တကျွန်း တနိုင်ငံအရပ်တို့၌ ဂုဏ် တော်ကို ထင်ရှား စွာ ချီးမွမ်းကြစေ။

13ထာဝရဘုရား သည် သူရဲ ကဲ့သို့ ထွက်ကြွ၍၊ စစ် သူရဲ ကဲ့သို့ ကိုယ်စိတ် ကို ကိုယ်နှိုးဆော် တော်မူလိမ့်မည်။ အော်ဟစ် ကြွေးကြော် ၍ ရန်သူ တို့တစ်ဘက် ၌ အားထုတ် တော်မူလိမ့်မည်။

14ငါသည် ကြာမြင့် စွာ တိတ်ဆိတ် လျက်နေပြီ။ ထိုသို့နေ၍ အောင့် ရဦးမည်လော။ သားဘွား ခြင်းဝေဒနာ ကို ခံရသောမိန်းမကဲ့သို့ ငါအော်ဟစ် မည်။ ပင့်သက်ရှု၍ ချက်ခြင်းဖျက်ဆီး မည်။

15တောင် ကြီးတောင် ငယ်များကို သွေ့ ခြောက်စေမည်။ သူ တို့အပင် ရှိသမျှ တို့ကိုလည်း ညှိုးနွမ်း စေမည်။ မြစ် များကို ကုန်း ဖြစ် စေမည်။ ရေကန် များကို ခန်းခြောက် စေမည်။

16မျက်စိကန်း သောသူတို့ ကို မိမိတို့မ သိ သော လမ်း ဖြင့် ငါဆောင် မည်။ မိမိတို့ မ ကျွမ်း သော ခရီး ၌ သွား စေမည်။ သူ တို့ရှေ့ မှာ မှောင်မိုက် ကို လင်း စေ မည်။ ကောက်သော လမ်း ကိုလည်း ဖြောင့် စေမည်။ ထို သို့သော ကျေးဇူး ကို ပြု မည်။ သူ တို့ကို မ စွန့်ပစ်။

17ရုပ်တု ဆင်းတုကို ခိုလှုံ ၍၊ ကိုယ်တော် သည် အကျွန်ုပ် တို့၏ ဘုရား ဖြစ်တော်မူ၏ဟု သွန်းသော ရုပ်တု တို့အား ဆို သောသူတို့ သည် လှန် ခြင်းကို ခံရ၍၊ အလွန် အရှက်ကွဲ ခြင်းသို့ ရောက်ကြလိမ့်မည်။

18နားပင်း သောသူတို့၊ ကြား ကြလော့။ မျက်စိကန်း သောသူတို့၊ သင်တို့သည် မြင် ရအံ့သောငှါ ကြည့်ရှု ကြလော့။

19ငါ့ ကျွန် မှတပါး အဘယ်သူ ကန်း သနည်း။ ငါစေလွှတ် သော တမန် ကဲ့သို့ အဘယ်သူသည် နားပင်း သနည်း။ ငါ့မိတ်ဆွေ ကဲ့သို့ အဘယ်သူ ကန်း သနည်း။ ထာဝရဘုရား ၏ ကျွန် ကဲ့သို့ အဘယ်သူကန်း သနည်း။

20သင်သည် များ စွာမြင် သော်လည်း အာရုံ မ ပြု တတ်။ နား ပွင့် လျက်ရှိသော်လည်း မ ကြား တတ်။

21ထာဝရဘုရား သည် မိမိ ဖြောင့်မတ် ခြင်းကြောင့် အားရ နှစ်သက်သဖြင့်၊ တရား တော်ကို ချီးမြှောက် ၍ ဂုဏ် အသရေနှင့် ပြည့်စုံစေတော်မူမည်။

22ဤ လူမျိုး သည် လုယူ ဖျက်ဆီး ခြင်းကို ခံရသောအမျိုးဖြစ်၏။ ရှိသမျှ တို့သည် တွင်း ၌ အချုပ် ခံရ၍၊ ထောင် ထဲမှာ ပုန်း ကွယ်လျက်နေကြ၏။ ဖျက်ဆီး ရာဖြစ် သောအခါ ၊ အဘယ်သူမျှမ နှုတ် မယူ။ လုယူ ရာဖြစ်သောအခါ ၊ ပြန် ပေးလော့ဟု အဘယ်သူမျှမ ဆို။

23သင် တို့တွင် အဘယ်သူ သည် ဤ စကားကို နားထောင် မည်နည်း။ နောင် ကာလဘို့ အဘယ်သူကြား ၍ မှတ် မည်နည်း။

24လုယူ ရာဖြစ်စေခြင်းငှါ ယာကုပ် ကို၎င်း ၊ ထားပြ တို့ လက်သို့ ဣသရေလ ကို၎င်း အဘယ်သူ အပ် သနည်း။ ငါတို့ ပြစ်မှား သော အရှင်ထာဝရဘုရား အပ်တော်မူသည် မ ဟုတ်လော။ သူတို့သည် နောက် တော်သို့ မ လိုက် ၊ တရား တော်ကို မ ကျင့် ဘဲ နေကြ၏။

25ထို့ကြောင့် ၊ ပြင်းစွာ သော အမျက် တော်ထွက် ခြင်း ကြမ်းတမ်း သော စစ်တိုက် ခြင်းကို သူ တို့အပေါ် သို့ သွန်းလောင်း တော်မူသဖြင့် ၊ သူတို့ပတ်လည် ၌ မီးရှို့ ၏။ သို့သော်လည်း ၊ သူတို့သည် မ သိ ကြ။ မီးလောင် သော်လည်း ၊ သတိ မ ထားဘဲ နေကြ၏။

← Isaiah 41Read In The App, Free →Isaiah 43 →

Study Isaiah 42

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142434445464748495051525354555657585960616263646566