Isaiah 42:16
မျက်စိကန်း သောသူတို့ ကို မိမိတို့မ သိ သော လမ်း ဖြင့် ငါဆောင် မည်။ မိမိတို့ မ ကျွမ်း သော ခရီး ၌ သွား စေမည်။ သူ တို့ရှေ့ မှာ မှောင်မိုက် ကို လင်း စေ မည်။ ကောက်သော လမ်း ကိုလည်း ဖြောင့် စေမည်။ ထို သို့သော ကျေးဇူး ကို ပြု မည်။ သူ တို့ကို မ စွန့်ပစ်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Joshua 3:4သေတ္တာတော်နှင့် သင် တို့စပ်ကြား ကို အတောင် နှစ်ထောင် ခြား ၍ ခရီးကွာ စေ ရမည်။ လိုက် ရသောလမ်း ကို သိ မည်အကြောင်း ၊ သေတ္တာ တော်အနီးသို့ မ ချဉ်း ဘဲ လိုက်ရမည်။ ဤလမ်းသို့ သင်တို့သည် တခါမျှမ လိုက် ကြ သေးဟု လူ အပေါင်းတို့အား မှာ ထားကြ၏။
Ecclesiastes 1:15ကောက် သောအရာကို မ ဖြောင့် စေနိုင်။ ချို့တဲ့ သောအရာကို မ ရေတွက် ရာ။
Isaiah 29:18ထို ကာလ ၌ နားပင်း သောသူတို့သည် ကျမ်း စကား ကို ကြား ကြ လိမ့်မည်။ မျက်စိ ကန်းသောသူတို့သည် မြှေးရှက် ခြင်း၊ မှောင်မိုက် ခြင်းနှင့် ကင်းလွတ်၍ မြင် ကြ လိမ့်မည်။
Isaiah 30:21သင်သည် လက်ျာ ဘက်၊ လက်ဝဲ ဘက်သို့လမ်းလွဲလျှင်၊ ဤမည်သောလမ်းသည် မှန်၏။ ဤ လမ်း ၌သွား လော့ဟု သင့် နောက် ၌ ပြောသောစကား သံကို ကိုယ် နား နှင့် ကြား ရလိမ့်မည်။
Isaiah 35:5ထိုအခါ မျက်စိ ကန်း သောသူတို့သည် မျက်စိပွင့် လင်းကြလိမ့်မည်။ နား ပင်း သောသူတို့သည် နားပင်းခြင်း နှင့် လွတ် ကြလိမ့်မည်။
Isaiah 40:4ချိုင့်ဝှမ်း ရာ ရှိသမျှ တို့ကို ဖို့ ရမည်။ တောင် ကြီး တောင် ငယ်ရှိသမျှတို့ကို ဖြို ရမည်။ ကောက် သော လမ်း များကို ဖြောင့် စေရမည်။ ကြမ်းတမ်း သော လမ်းများကိုလည်း သုတ်သင်ပြင်ဆင်ရမည်။