Isaiah 42:8
ငါ သည် ထာဝရဘုရား ဖြစ်၏။ ထို နာမသည် ငါ့ နာမ ဖြစ်၏။ ငါ့ ဘုန်း ကို အခြား သောသူအား ၎င်း၊ ငါ့ အသရေ ကို ရုပ်တု ဆင်းတုတို့အား ၎င်း ငါမ ပေး။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Exodus 3:14ဘုရား သခင်ကလည်း ၊ ငါဖြစ် သည်အတိုင်း ငါဖြစ် ၏ဟူ၍၎င်း ၊ ငါဖြစ် သည်ဟု အမည်ရှိသောသူသည်၊ ငါ့ ကိုသင် တို့ရှိရာသို့ စေလွှတ် တော်မူပြီဟု ဣသရေလ အမျိုးသား တို့အား ပြန်ပြော လော့ဟူ၍၎င်း၊ မောရှေ အား မိန့် တော်မူ၏။
Exodus 20:3ငါ မှတပါး အခြား သောဘုရား ကို မ ကိုးကွယ် နှင့်။
Psalms 83:18ထာဝရဘုရား ဟူ၍နာမ တော်ရှိသော ကိုယ်တော် တပါး တည်းသာလျှင်၊ မြေကြီး တပြင်လုံး အပေါ် မှာ အမြင့်ဆုံး သောဘုရားဖြစ်တော်မူကြောင်း ကို သိ ကြပါ စေသော။
Isaiah 48:5အထက် က သင့် အား ငါဟော ပြီ။ အမှုမ ဖြစ် မှီငါဘော်ပြ ပြီ။ သို့ဖြစ်၍သင်က၊ ငါ ၏ရုပ်တု သည် ဤအမှု ကို ပြု ပြီ။ ငါ ထုသော ရုပ်တု ၊ ငါ သွန်းသော ရုပ်တု သည် ဤအမှု ကို စီရင် ပြီဟု ပြော ရသော အခွင့်မရှိ။
Isaiah 48:11ကိုယ် အတွက် ငါပြု ဦးမည်။ ငါ့နာမသည် ရှုပ်ချ ခြင်းကို အဘယ်ကြောင့် ခံရမည်နည်း။ ငါ့ ဂုဏ် အသရေကို သူတပါး အား ငါမ ပေး။
John 5:23သား တော်ကို ရိုသေ စေမည်အကြောင်း ၊ ခမည်းတော် သည် အဘယ်သူ ကိုမျှ မတရားစီရင် တော်မမူ။ တရား စီရင်ခြင်းအခွင့်ရှိသမျှ ကို သား တော်အား အပ်ပေး တော်မူ၏။ သား တော်ကို မ ရိုသေ သောသူ သည်ကား၊ သား တော်ကိုစေလွှတ် တော်မူသောခမည်းတော် ကို မ ရိုသေ သောသူဖြစ်၏။