Isaiah 41:11
သင် ၌ အမျက် ထွက်သောသူတို့ သည် ရှက်ကြောက် ခြင်းနှင့် မျက်နှာပျက် ခြင်း ရှိကြလိမ့်မည်။ သင် ၌ ရန်ပြု သောသူ တို့ သည် အဘယ်မျှ မဟုတ်သကဲ့သို့ ဖြစ် ၍၊ ရှင်းရှင်းပျက်စီး ခြင်းသို့ ရောက်ကြလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Exodus 12:29သန်းခေါင် အချိန်၌ ၊ ထာဝရဘုရား သည် နန်း ထိုင် သော ဖာရော ဘုရင်၏ သားဦး မှစ၍ ထောင် ထဲမှာ အချုပ် ခံရသောသူ ၏သားဦး တိုင်အောင် ၊ အဲဂုတ္တု ပြည် ၌ သားဦး ရှိသမျှ ကို၎င်း ၊ တိရစ္ဆာန် တို့၏ သားဦး ရှိသမျှ ကို ၎င်း ဒဏ်ခတ် တော်မူ၏။
Isaiah 29:8မွတ်သိပ် သောသူသည် အိပ်မက် တွင် စား ရသည် ဟုထင် သော်လည်း ၊ နိုး သောအခါ အမွတ် အသိပ်မပြေသကဲ့သို့၎င်း ၊ ရေ ငတ်သူသည် အိပ်မက်တွင် သောက် ရသည် ဟုထင် သော်လည်း ၊ နိုး သောအခါ နွမ်းနယ် လျက် ၊ တောင့်တလျက်ရှိသကဲ့သို့၎င်း၊ အပြည်ပြည် ကလာ၍၊ ဇိအုန် တောင် ကို စစ်တိုက် သော အလုံး အရင်းသည်ဖြစ် ရ လိမ့်မည်။
Isaiah 41:24သင် တို့သည် အဘယ် မျှမဟုတ်သော အရာ ထက်သာ၍ယုတ်မာ ကြ၏။ သင် တို့အမှု လည်း ၊ အဘယ်မျှ မဟုတ်သော အမှုထက်သာ၍ယုတ်မာ ၏။ သင် တို့ကို ရွေး ယူသောသူသည် ရွံ့ရှာ ဘွယ် ဖြစ်၏။
Isaiah 45:24ထာဝရဘုရား အားဖြင့် သာ ဖြောင့်မတ် ခြင်းနှင့် အစွမ်း သတ္တိကို ရပါသည်ဟု လူတိုင်းလျှောက် ရမည်။ ကိုယ်တော် ကို မနာလို သော သူအပေါင်း တို့သည် အထံ တော်သို့ လာ ၍ ၊ ရှက်ကြောက် ခြင်းသို့ ရောက်ရကြ လိမ့်မည်။
Isaiah 49:26သင့် ကို ညှဉ်းဆဲ သောသူတို့ ကို သူ တို့၏အသား နှင့် ငါကျွေး မည်။ ချိုသော စပျစ်ရည် ကို သောက်သကဲ့သို့ ၊ သူတို့သည် မိမိ အသွေး ကိုဝစွာ သောက် ရကြမည်။ သို့ဖြစ်၍ ၊ ငါ ထာဝရဘုရား သည် သင့် ကို ကယ်တင် သော အရှင်၊ သင့် ကို ရွေးနှုတ် သောသခင်၊ ယာကုပ် အမျိုး၌ တန်ခိုးကြီး သော ဘုရားဖြစ်ကြောင်းကို လူ အပေါင်း တို့ သည် သိ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
Isaiah 54:17သင့် တစ်ဘက် ၌ လုပ် သောလက်နက် တစုံတခုမျှ အထမ မြောက် ရ။ သင့် ကိုတရား တွေ့သောသူ မည်သည်ကား၊ အရှုံးခံရလိမ့်မည်။ ထာဝရဘုရား ၏ ကျွန် တို့သည် ထိုသို့သော အမွေကို ခံရ၍၊ ငါ့ ကြောင့် ဖြောင့်မတ် ရာသို့ ရောက်ရကြလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။