Isaiah 48:18
သင်သည် ငါ ၏ပညတ် တို့ကို စောင့်ရှောက် ပါစေ သော။ သို့ပြုလျှင် ၊ သင် ၏ချမ်းသာ သည် မြစ် ကဲ့သို့ ၎င်း ၊ သင် ၏ဖြောင့်မတ် ခြင်းပါရမီသည် သမုဒ္ဒရာ လှိုင်း တံပိုးကဲ့သို့ ၎င်း ဖြစ် ရလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Deuteronomy 32:29ပညာ ကိုရ၍ ဤ အမှုကို နားလည် ကြပါစေ သော။ နောက်ဆုံး ကာလ၌ အဘယ်သို့ဖြစ်မည်ကို ဆင်ခြင် ကြပါစေသောဟု မိန့်တော်မူ၏။
Psalms 81:13ငါ ၏လူစု သည် ငါ့ စကားကို နားထောင် ၍၊ ဣသရေလ အမျိုးသည် ငါ့ လမ်း ၌ လိုက် ပါစေသော။
Psalms 119:165တရား တော်ကို နှစ်သက် သောသူတို့ ၌ ကြီးစွာ သော ငြိမ်ဝပ် ခြင်း ရှိပါ၏။ သူ တို့စိတ်ပျက် စရာအကြောင်းမ ရှိပါ။
Isaiah 45:8မိုဃ်းကောင်းကင် တို့၊ အထက် မှ ယို ကြလော့။ မိုဃ်းတိမ် တို့သည် တရား မိုဃ်းရွာ ကြစေ။ မြေကြီး သည် ပွင့် ၍ ကယ်တင် ခြင်းအသီးကို သီး စေ။ ဖြောင့်မတ် ခြင်း တရားသည် တပြိုင်နက် ပေါက် စေ။ ထိုသို့ငါ ထာဝရ ဘုရား ဖန်ဆင်း ၏။
Isaiah 66:12ထာဝရဘုရား မိန့် တော်မူသည်ကား ၊ မြစ် ကဲ့သို့ ချမ်းသာ ကို၎င်း ၊ စီး သောရေ ကဲ့သို့ တပါး အမျိုးသား တို့၏ စည်းစိမ် ကို၎င်းယေရုရှလင် မြို့သို့ ငါ ရောက် စေမည်။ သင်တို့သည် သားမြတ်ကိုစို့ ၍ ခါး ၌ချီ ခြင်း၊ ဒူး ပေါ် မှာ မြှူ ခြင်းကို ခံစားရကြလိမ့်မည်။
Matthew 23:37အိုယေရုရှလင် မြို့၊ ယေရုရှလင် မြို့၊ သင်သည်ပရောဖက် တို့ကိုသတ် မြဲရှိ၏။ သင်ရှိရာသို့ စေလွှတ် သော သူ တို့ကိုလည်း ကျောက်ခဲ နှင့် ပစ်မြဲရှိ၏။ ကြက်မ သည် မိမိ သားငယ် တို့ကို အတောင် အောက် ၌ စုရုံး သကဲ့သို့ သင် ၏သား တို့ကို စုရုံး စေခြင်းငှာကြိမ်ဖန် များစွာငါအလိုရှိ ပြီ။ သင်မူကား အလို မ ရှိ။